ပိတ်ရက်ရှည်မှာ ချစ်ရတဲ့သူတွေနဲ့ ခရီးတွေထွက်ကာ ပျော်နေကြတဲ့ သူတွေအထဲမှာ မင်းသမီးလေး မြတ်သူသူဇင်လဲ ပါဝင်ပါတယ်။

သူမကတော့ စစ်ကိုင်းဘုရားဖူးရောက်ရှိနေပြီး ရောက်ရှိတဲ့နေရာတိုင်းမှာလည်း ချစ်ရတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမှတ်တရ ဓာတ်ပုံကလေးတွေ ရိုက်ကူးခဲ့ပါတယ်။

လှပပြီးလိုက်ဖက်လွန်းတဲ့ အဖြူရောင်ဝတ်စုံလေးကို ဝတ်ကာ အသည်းတွေကြွေလောက်တဲ့ အပြုံးလှလှကလေးတွေကိုလည်း ခြွေထားပါသေးတယ်။

သူမရဲ့ဆွဲဆောင်မှုရှိတဲ့ အချက်တွေကတော့ Sexy တွေအသားပေးဝတ်ဆင်နေသူတွေနဲ့ ကွဲပြားကာ ရိုးရှင်းပြီးကျက်သရေရှိတဲ့ ဖက်ရှင်လေးတွေကိုသာ ရွှေးချယ်ဝတ် ဆင် တက်တာပါ။

တီဗွီဖန်သားပြင်ထက်မှာ သူမကို မမြင်တာကြာလို့ မေ့သွားမှာလည်း သူမတစ်ယောက် သိပ်ကို စိုးရိမ်းနေတက်ပါတယ်။

အပီအပြင်တွေနဲ့ ထူးဆန်းစွာပုံဖော်နိုင်ခဲ့တဲ့ နဂါးမလေးတစ်ယောက်ကိုတော့ ပရိသတ်ကြီးက မြင်လိုက်တိုင်း မှတ်မိနေသလို အချိန်တိုင်းချစ်ခင်ပေးနေမှာ အသေအချာပါပဲ ။

နောက်ထပ်ဇာတ်ကားတစ်ခုလည်း ရိုက်ကူးဖို့အတွက် ပြင်ဆင်နေတဲ့သူမက တမူထူးခြားတဲ့ ဇာတ်ရုပ်နဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတော့မို့ ပရိသတ်ကြီးဘက်က စောင့်ကြည့်ဖို့ပဲ လိုပါတယ်နော် ။

Source – Myat Thu Thu Zin Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။