တမာရွက် မှာ ဆေးဖက် ဝင် အာနိသင် တွေရှိ တယ်ဆိုတာ အများစုက သိပြီးသားဖြစ်ပါတယ်။ ဒါပေ မဲ့ တမာရွက်ကို များများစားရင်တာ့ အကြောတက် ပါတယ်။ တန်ဆေးလွန်ဘေး ကိုတော့ သတိရသင့်ပါတယ်။ တမာရွက်ရဲ့ များစွာသော အာနိသင် ကောင်းကျိုးများကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။ 

(၁) ပိုးမွှားများကို သေစေနိုင်တယ်

တမာရွက်မှာ ဘက်တီးရီးယား၊ ကပ် ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်း ရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်နိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ အနာ ပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားခြင်း၊ တမာရွက်ကို ကျိုပြီး ရလာတဲ့ ရေနဲ့ အနာကို ဖန်ရည်ဆေးခြင်း စတာတွေကို ပြုလုပ်ပေးခြင်းဖြင့် အနာများကို သက်သာပျောက်ကင်းစေပါတယ်။

(၂) အရေပြားယားယံခြင်းကို သက်သာစေတယ်

ခန္ဓာကိုယ်အရေပြား ယားယံ နေရင် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက်ပါ။ တမာရွက်ရဲ့ ဆေးဖက်ဝင်အာနိသင် ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို ကင်းစင်စေပြီး ယားယံခြင်းကို သက်သာစေပါတယ်။

(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်

အရေပြားမှာ ပြတ်ရှရာ ဒါမှမဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာရွက် အဆီကိုလိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အ နာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန်ပေးပြီး အနာကျက်မြန်စေပါ တယ်။

(၄) အရေပြားအနာတွေအတွက် ဆေးစွမ်းကောင်း ဖြစ်ပါတယ်

နှင်းခူ၊ ဝက်ခြံ၊ အရေပြားဓာတ်မ တည့်တာ၊ အရေပြားမှာ အနီကွက်ပေါ် တာ၊ အရေပြားမှာ ယားနာပေါက်တာ စတဲ့ အရေပြားဝေဒနာအားလုံး အမြန် သက်သာစေဖို့ တမာဆီ ဒါမှမဟုတ် တမာ ရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံး ပြုပေးပါ။

(၅) မီးလောင်ဒဏ်ရာကို အမြန် သက်သာစေပါတယ်

မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေး ပါ။ အရေပြားကို အနာအမြန်ကျက်စေ ပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) ဆံပင်သား ကျန်းမာစေပါတယ်

ဆံပင် မှာ တမာဆီကို လိမ်းပေးရင် ဆံပင်မဖြူ အောင် ကာကွယ်ပေးနိုင်ပြီး ဗောက်ထ တာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ်တာတွေ ကို သက်သာလျော့ပါးစေပါတယ်။ ခေါင်းမလျှော်ခင် တမာရေ လိမ်းပြီးတော့လည်း ဆံသားကို ပေါင်းတင်နိုင်ပါတယ်။

(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှုကို သက်သာစေပါတယ်

တမာဆီကို နာကျင်နေတဲ့ ကြွက် သားနဲ့ အဆစ်နေရာတွေမှာ လိမ်းပြီး နှိပ်ပေးရင် ရိုးဆစ်ရောင်ရမ်းနာ၊ ဂေါက်အ ဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

(၈) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်

တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံအာရုံ မကောင်းတာကို သက်သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေ တာကို သက်သာစေပါတယ်။ ရင်ပူတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၉) သန်ကောင်တွေကို ကင်းစင်စေပါ တယ်

တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ သန် ကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကျန်းမာစေလို့ပါ။

(၁၀) သွေးသန့်စင်စေပါတယ်

တမာရွက်ကို ပုံမှန်စားပေးရင် သွေး သန့်စင်စေပါတယ်။ တမာရွက်ဟာ သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေပါတယ်။

(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်း ပေးနိုင်ပါတယ်

တမာရွက်ကို ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ် လက်လို့ ဆိုကြပါတယ်။ အကြောင်းက တော့ တမာရွက်ဟာ သွေးတွင်းသကြား ဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်လို့ ပါ။

(၁၂) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်

တမာရွက်ကို စားပေးရင် ခန္ဓာကိုယ် ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်း စေတဲ့ ပြင်ပရောဂါတွေကိုလည်း အတိုင်း အတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

အခုလို တမာရွက်ရဲ့ အာနိသင်များစွာကို သိရှိပြီးနောက် ကျန်းမာရေး ဗဟုသုတ ရရှိစေပြီး တမာရွက်ကို အကျိုးရှိရှိ အသုံးတည့်စွာ အသုံးချစေဖို့ ရည်ရွယ် တင်ဆက်လိုက်ပါတယ်။

ကျန်းမာပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ …. 

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။