ဒန့်သလွန်ရွက်တို့ ဒန့်သလွန်သီးတို့ကို နည်းမျိုးစုံဖြင့် ချက်စား၊ ကြော်စားလေ့ ရှိပါတယ်။ ဒီအရွက်က ခါးသပ်သပ်ရှိတဲ့ အရသာကို ပေးစွမ်းနိုင်ပေမဲ့ ကျန်းမာရေး ကောင်းကျိုးများစွာ ရှိပါတယ်။ တစ်ချို့ က ဒန့်ဒလွန်ရွက်ကို မကြိုက်ကြပေမဲ့ ကျန်းမာရေးကောင်းကျိုးများကြောင့် စားသုံးသင့်တဲ့ အရွက်လို့ တိုက်တွန်းချင်ပါတယ်။  

ဒန့်သလွန်ရွက်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေဖြစ်တဲ့ ပိုတက်စီယမ်၊ ဗီတာမင်စီ၊ ကယ်စီယမ်၊ Beta-Carotene နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။ ဒန့်သလွန် တစ်ပင်လုံးက ရောဂါပေါင်း ၃၀၀ ကျော်ကို ကုသပေးနိုင်ပါတယ်။ အဲ့ဒီအပြင် အစာခြေလမ်းကြောင်းကို ကောင်းမွန်စေပြီး၊ Fiber တွေ အများကြီးပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း နဲ့ အူလမ်းကြောင်းကိုလည်း သန့်ရှင်းစေပါတယ်။

ဒန့်သလွန်ရွက်က သားအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာရောဂါနဲ့ တခြားကင်ဆာရောဂါ တွေကို သက်သာ ပျောက်ကင်းနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အဲ့ဒီအပြင် ပန်ကရိ ကင်ဆာရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကိုလည်း တိုက်ဖျက်နိုင်တယ်လို့ သိရပါတယ်။

ခန္ဓာကိုယ်အတွက် အကျိုးပေးသော ဒန့်သလွန်ရွက်တွင် ပါဝင်မှုနှုန်းများ

- လိမ္မော်သီးတွေထက် ဗီတာမင် စီ ပါဝင်နှုန်း ၁၂ ဆပိုများ

- နွားနို့မှာ ထက် ကယ်စီယမ် ပါဝင်မှုနှုန်း ၁၇ ဆ ပိုများ

- မုန်လာဥနီ ထက် ဗီတာမင် A ပါဝင်မှုနှုန်း ၁၀ ဆ ပိုများ

- ဟင်းနုနွယ်ရွက် ထက် သံဓာတ် ပါဝင်မှုနှုန်း ၂၅ ဆ ပိုများ

- ငှက်ပျော်သီး ထက် ပိုတက်စီယမ် ပါဝင်မှုနှုန်း ၁၅ ဆ ပိုများ

- ဒိန်ချဉ် ထက် ပရိုတင်း ဓာတ် ပါဝင်မှုနှုန်း ၉ ဆ ပိုများပါတယ်။

ဒါတွေကို သိရှိပြီး ကျန်းမာရေး ဗဟုသုတများစွာ ရရှိရင်း သာယာလှပသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင်

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။