မိန်းခလေးပရိသတ်တွေရဲ့အသည်းစွဲ ကွီးကျော်ထက်ဇော်တစ်ယောက်တော့ ရှုတင်မှာ အပြတ်ဂိုက်ပေးကြမ်းလို့ နေပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးသွားရောက် ရိုက်ကူးနေတဲ့ သူကတော့ အခုရက်ပိုင်းမှာ ရိုက်ကွင်း ပေါ်က ပုံကလေးတွေတင်ရင်း ပရိသတ်နဲ့ အဆက်မပြတ်အောင် ကြိုးစားလို့နေပါတယ်။

တက်သစ်စအနုပညာရှင်လူငယ်လေးတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်ရှင် ဇာတ်ကားကြီးရိုက်ကူးခွင့်ကိုက ဒီမင်းသားကကြိုးစားမှုတွေကြောင့် ရရှိခဲ့ပါတယ်။

ပထမဆုံးအနုပညာခြေလှမ်းသစ်တစ်ခုမှာတင် ကျော်ထက်ဇော်ဆိုတဲ့ သူလေးကမြို့ တင်မက နယ်ပါမကျန်အောင် မသိသူမရှိလောက်အောင်ကို ရေပန်းစားကာ နာမည်ကြီး ခဲ့ပါတယ်။

တီဗွီဖန်သားပြင်ထက်မှာ ဒီမင်းသားချောလေးရဲ့ ဇာတ်လမ်းလေးတွေကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းလေးရှိပါတယ်နော် ။ ဒါကတော့ မိုးကောင်းကင် အိပ်မက် ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သူကိုပြန်လည်ပြင်တွေ့ရတော့မှာပါ။

ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးပါ ရိုက်ကူးရကာ အောင်မြင်နေတဲ့ မင်းသားချောလေးရဲ့ အလန်းစားပုံကလေးတွေကိုလည်း Myammar Load ပရိသတ်ကြီး အတွက် စုစည်းပေးထားပါတယ်။

Source - Kyaw Htet Zaw FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။