အခုလို ရုံးပိတ်ရက်တွေမှာ ထမင်းမြိန်စေမယ့် မရမ်းသီး ငပိထောင်း လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ချဉ်ငံစပ်လေးဆိုတာတော့ အရသာကိုတော့ ပြောပြစရာတောင် လိုမယ် မထင်တော့ပါဘူး။ အခုလို အချိန်မှာလဲ ဈေးသွားရင် မရမ်းသီးတွေ ပေါနေပြီမို့ အခု တင်ဆက်ပေးမယ့် ငပိထောင်းလေးကို လုပ်စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပါဝင်ပစ္စည်းများ ပြုလုပ်ပုံ အဆင့်ဆင့်ကို တစ်ဆင့်ချင်းစီ ဖော်ပြပေးလိုက်တာမို့ လွယ်ကူကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

မရမ်းသီးအစိမ်း

ငရုတ်သီး အစိမ်းတောင့်

ကြက်သွန်ဖြူ

ကြက်သွန်နီ

ငပိစိမ်းစား အကောင်းစား

ပုဇွန်ခြောက်မှုန့်

ငရုတသီး ကျက်မှုန့်

မရမ်းသီး ငပိထောင်း ပြုလုပ်နည်းအဆင့်ဆင့်

- မရမ်းသီးကိုု ထက်ခြမ်းခွဲ အစေ့ထုတ် ၊ ရေစိမ်ထားပါ ။

- ငရုတ်သီးစိမ်းတောင့်များကိုု အညှာခြွေ ၊ ရေဆေးပြီး ဒယ်အိုးလေးနဲ့ လှော်ထားပါ ။ ကြက်သွန်ဖြူ ကိုု ထက်ခြမ်းခွဲပြီး လှော်ထားပါ ။ ကြက်သွန်နီ ၃ ဥ လောက် မပြတ်အောင် စိတ်ပြီး ကျက်အောင် မီးကင်ထားပါ ။ ချောင်းသာ ငပိစိမ်းစားအကောင်းစား ယောင်းမမှာ ကပ်ပြီး ကျက်အောင်မီးကင်ထားပါ။

- ငရုတ်ဆုံထဲကို ငရုတ်သီးစိမ်းလှော်ထားတာ အရင်ထည့်ပါ ။ ညက်ရင် ကြက်သွန်ဖြူ လှော်တာထည့်ထောင်းပါ ။

- အဲ့ဒီနောက်မှာတော့ ကြက်သွန်နီ မီးကင်ထားတာ ထည့်ထောင်းပါ ။ ညက်ရင် ပုဇွန်ခြောက်မူန့်ထည့် ။ အချိုမူန့် အနည်းငယ် ထည့်ထောင်းပြီး ငပိစိမ်စား မီးကင်ထညပြီး ထပ်ထောင်းပါ ။ အားလုံးသမအောင် ဇွန်းတချောင်းနဲ့ မွှေလိုက် ထောင်းလိုက် လုပ်ပါ ။ ငရုပတ်သီး အကျက်မူန့် ထည့်ထောင်းပါ ။ နောက်ဆုံးမှ မရမ်းသီးခွဲခြမ်းတွေ ထည့်ထောင်းပါ။ အရမ်းညက်အောင် မထောင်းရပါ ။ အရည်တွေထွက်တတ်လို့ မညက်တညက်လောက ထောင်းပြီးရင် မရမ်းသီး စိမ်းငပိထောင်း ချဉ်ငန်စပ်ရပါပြီ ။ ကြက်သွန်နီနဲ့ မရမ်းသီးပါလို့ အပြင်မှာကြာကြာ ထားစားလို့မခံပါ ။ ရေခဲသေတ္တာထဲ ထည့်ပြီး နည်းနည်းချင်း ထုတ်စားရင် ကြာကြီးထားစားလို့ရပါတယ် ။ 

Credit: Ohnmar Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။