မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ အလှူအတန်းနဲ့ ဘာသာရေးကိစ္စတော်တော်များမှာ စိတ်ရောကိုယ်ပါ ပါဝင်လှုပ်ရှားနေသူလေးပဲ ဖြစ်ပါတယ်။ဘုရားတရားကိုင်းရှိုင်းပြီး ယောဂီဝတ်စုံလေးနဲ့ ဘုရားဝတ်ပြုနေတဲ့ ပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလိုတွေ့မြင်ရပါတယ်။ဒီနေ့မှာလည်း ပြင်ဦးလွင်မှာရှိတဲ့ မျက်မမြင် ကျောင်းလေးကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သူမတက်ကျွမ်းတဲ့အနုပညာမှ ရရှိလာတဲ့အနုပညာကြေးလေးတွေကို လိုအပ်နေတဲ့နေရာလေးတွေမှာ နိုင်သလောက်သွားရောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ပြင်ဦးလွင်က မျက်မမြင်ကျောင်းလေးမှာ အလှူရှင်တွေ အများကြီးလိုအပ်နေသေးတာကြောင့် ပရိသတ်တွေကြုံကြိုက်ခဲ့ရင် လာရောက်လှူးဒါန်းကြဖို့ကိုလည်း ဖိတ်ခေါ် ထားပါသေးတယ်။မွန်မြတ်လှတဲ့သူမစိတ်ထားလေးကတော့ တကယ့်ကိုချီးကျူးဖို့ကောင်းပါတယ်နော်။  

သူမရဲ့လူမှုကွန်ယက်မှာလည်း “ပြင်ဦးလွင်က မျက်မမြင်ပရဟိတကျောင်းလေးမှာ အလှူရှင်တွေလိုအပ် နေပါတယ်၊သွားရောက်လှူဒါန်းကြပါလို့ တိုက်တွန်းပါတယ်ရှင်”ဆိုတဲ့စာလေးနဲ့ သူမလှူဒါန်းခဲ့တဲ့ ပုံရိပ်လေး တွေကိုမျှဝေထားတာပဲ ဖြစ်ပါတယ်။သူမကုသိုလ်ရရုံတင်မကပဲ သူမကိုချစ်တဲ့ပရိသတ်တွေကိုပါ ကုသိုလ်တွေ အများကြီးရအောင် နှိုးဆော်ပေးနေတဲ့ နိဗာန်ဆော်လေးကို ပရိသတ်တွေချီးကျူးမဆုံးဖြစ်နေကြပါတယ်။ချစ်ပရိ သတ်တွေအတွက်လည်း သူမရဲ့အလှူလေးကို သာဓုခေါ်ဆိုနိုင်ကြဖို့ ကုသိုလ်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ရွှေပိုးအိမ်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။