မင်းသမီးချောလေး ယုသန္တာတင်ကတော့ အနုပညာပျိုးခင်းအစီအစဉ်ကနေ စတင်မွေးဖွားပေးလိုက်တဲ့ သမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။တစ်စထက်တစ်စ အနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း ပရိသတ် အချစ်တွေရရှိပိုင်ဆိုင်လာသူလေးပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ပရိသတ်တွေကြားရေပန်းစားနေတဲ့ ရန်ကုန်မြို့ ဝန်ကြီးများရုံးက ဓာတ်ပုံပြပွဲလေးကို သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာ့ဓာတ်ပုံဆရာများအသင်းက ဦးစီးကျင်းပတဲ့ အဲ့ဒီဓာတ်ပုံပြပွဲလေးကတော့ လက်တလော လူမှုကွန်ယက် မှာအရမ်းကိုရေပန်းစားနေပြီး ပရိသတ်တွေတော်တေ်ာများများလည်း သွားရောက်လည်ပတ်နေကြတာပဲ ဖြစ်ပါတယ်။ပရိသတ်အချစ်တော် မင်းသမီးချောလေးကလည်း နားရက်လေးမှာ ဓာတ်ပုံပြပွဲလေးကို သွားရောက် ဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလည်း “ပိတ်ရက်ကိုမေ့ပြီးသွားမိတာ”ဆိုတဲ့ စာလေးနဲ့ အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေမျှဝေထားတာပဲ ဖြစ်ပါတယ်။ 

သူမကတော့ အားလပ်ရက်လေးကို ကောင်းကောင်းအသုံးချပြီး ဓာတ်သွားဖမ်းနေတာပဲ ဖြစ်ပါတယ်။ပရိသတ် တွေရော ဝန်ကြီးများရုံးက ဓာတ်ပုံပြပွဲလေးမှာ ဓာတ်သွားဖမ်း ပြီးပြီလား။မသွားရသေးတဲ့ ပရိသတ်တွေအမြန်ဆုံး သွားပြီး ပိတ်ရက်လေးရက်မှာ ဓာတ်ပုံလှလှလေးတွေ သွားရောက်ရိုက်ကူးလိုက်ကြပါအုန်းနော်။အခုတော့ ပရိသတ်အချစ်တော် ယုသန္တာတင်သွားရောက်ခဲ့တဲ့ ဓာတ်ပုံပြပွဲလေးမှ ချစ်စရာကောင်းတဲ့ ပုံလေးတွေ မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ယုသန္တာတင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။