နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေး ညိမ်းသော်ကတော့ တပေါင်းလပြည့်နေ့ ဥပုသ်နေ့လေးမှာ ကောင်းမှုပြု ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်..။

မင်းသားချောလေး ညိမ်းသော်ကတော့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ငါးဆူတောင်ဒေသ ရှိ ဓမ္မဝိနယ စင်တာမှာ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကိုတော့ မင်းသားချောလေး ညိမ်းသော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“ဒီနေ့ ကျနော်..” ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ ပြန်လည်မျှဝေထားပြီး အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

မင်းသားချောလေး ညိမ်းသော်ကတော့ မော်လ်ဒယ် သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး “ည” ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံး ရရှိထားတဲ့ မင်းသားချောလေး ညိမ်းသော်ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ကုသိုလ်ယူ လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်နေသလို သူ့ရဲ့ အပြုံးချိုချိုလေးတွေကြောင့်လည်း ပရိသတ်တွေကတော့ အမြဲ အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်..။

Source - ညိမ်းသော် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။