သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကို ပရိသတ်ကြီးတွေအကုန်လုံး ချစ်ကြမယ်ထင်ပါတယ်။ အနုပညာအလုပ်တွေကို လုပ်ဆောင်နေရင်း ပျော်ရွှင်မှုတွေကိုယ်လည်း ကိုယ်တိုင်ဖန်တီးနေသူတစ်ယောက်လည်းဖြစ်တဲ့အိချောပိုကတော့ တကယ်ကိုချစ်စရာကောင်းတဲ့ မင်းသမီးတစ်လက်ပါဘဲ။

ဒီကနေ့ သရုပ်ဆောင်မင်းသမီးအိချောပိုကတော့ ချစ်ပရိသတ်ကြီးတို့ရဲ့အာရုံကို ပုံစံတစ်မျိုးနဲ့ဖမ်းစားလိုက်ပြန်ပါတယ်။ တောင့်တင်းလှပတဲ့ မြန်မာအမျိုးသမီးထု အားကျစရာဘော်ဒီတစ်ခုပိုင်ဆိုင်ထားတဲ့သူမဟာ မြန်မာဝတ်စုံလေးနဲ့ဆို ပရံနရံသင့်ကာတင့်တယ်လှပလို့နေပါတယ်။ 

ပရိသတ်တွေကို တစ်နေ့တစ်မျိုးမရိုးအောင် သူမရဲ့ချစ်စရာ ပုံရိပ်လေးတွေကို ဝေမျှပေးနေတဲ့သူမက ဒီနေ့မှာတော့ အမဲရောင်မြန်မာဝတ်စုံလေးဝတ်ဆင်ပြီး ကျက်သရေရှိလှပါတယ်။ အိခောျပိုရဲ့ မြန်မာဝတ်စုံလေးနဲ့ မြင်သူတိုင်းငေးမောစေမယ့် ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးတို့ဆီ မျှဝေပေးလိုက်ပါတယ်နော်။ 

photo - ei chaw po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။