HMD က တရုတ်မှာ Nokia 7 Plus ကိုကြေညာလိုက်ပါတယ်။ သူ့မှာ၆ လက်မ Full HD+ Display ပါပါတယ်။ မျက်နှာပြင် ဘေးဘောင်များဟာ အလွန်ပါးလွှာပါတယ်။4GB RAM နဲ့ 6GB RAM များရွေးချယ်နိုင်ပါတယ်။ ဥရောပမှာ 4GB RAM Model ကိုသာရောင်းချပေးမှာပါ။64GB Internal Storage ထည့်သွင်းထားပြီးmicroSD Card စိုက်နိုင်ပါတယ်။SIM Slot တစ်ခုကိုmicroSD Card နဲ့ မျှေ၀ သုံးနိုင်ပါတယ်။

အနောက်ဘက်မှာ 12MP Camera နှစ်လုံးတပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 16MP Camera တစ်လုံးပါပါတယ်။ သူဟာ Android One Phone ဖြစ်တဲ့အတွက် Stock Android ထည့်သွင်းထားပါတယ်။ Android 8.0 Oreo ကိုအခြေပြုထားတဲ့ Android One OS ဖြစ်ပါတယ်။ 

သူ့မှာ Snapdragon 660 Octa-Core Chipset ထည့်သွင်းထားပါတယ်။ 3800mAh Battery ကိုအသေတပ်ဆင်ထားပါတယ်။ လျင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာပါပါတယ်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ မျက်နှာပြင်ထောင့်စွန်းများဟာ လုံးဝိုင်းပါတယ်။ Physical Keys များအားလုံးကိုဖုန်းရဲ့ ညာဘက်ခြမ်းမှာတပ်ဆင်ထား ပါတယ်။အနောက်ဘက်မှာလက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားပါ တယ်။

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။