ဆယ်ကျော်သက်နာမည်ကျော်မလေးတစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးကို ပရိတ်သတ်တွေအကုန်လုံးချစ်ကြမယ်ထင်ပါတယ်။ မကြာသေားခင်ကမှ အသက် ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ပြုလုပ်ခဲ့တဲ့ ဆယ်ကျော်သက်မလေးကတော့ အနုပညာကြေးနဲ့မိသားစုကို ထောက်ပံ့နေတဲ့ သမီးလိမ္မာတစ်ဦးလည်းဖြစ်ပါတယ်။ 

မိဘကိုအမြဲတမ်းထောက်ပံ့တာကြောင့် လက်ထဲအဆင်မပြေဖြစ်တယ်လို့ကို မရှိ ဘူးလို့ သူမကဆိုပါတယ်။ သူမဟာ ဘုရား၊ တရားကိုလည်း ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ တောသူ မလေးရဲ့ ရိုးသားပွင့်လင်းတဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေကလည်း အချစ်ပိုနေရတာ ဖြစ် ပါတယ်။

ချစ်စရာဖြူဖြူထွေးတစ်ယောက် မတ်လ(၁)ရက်နေ့ တပေါင်းလပြည့်နေ့လေးမှာ (၇) ရက်သားသမီးများ အားလုံးကျန်းမာ ချမ်းသာ ကြပြီး ထာဝရအေးချမ်းကြပါစေလို့ သူမကိုချစ်ခင်အားပေးတဲ့ပရိတ်သတ်တွေတွက် ဘုရားသွားကာဆုတောင်းမှုပြုလုပ်ခဲ့ပါတယ်။ ချစ်စရာ ကောင်းပြီး ပွင့်လင်းတဲ့ ဟာသမယ်လေး ဖြူဖြူထွေးရဲ့ မြန်မာဆန်ဆန်လေးနဲ့ ဘုရားသွားတဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပြီနော်။ 

Source - Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။