ဆီရီးယားနိုင်ငံ အရှေ့ဂူတာမှာဖြစ်ပွားနေတဲ့တိုက်ခိုက်မှုတွေအတွင်းက အစိုးရစစ်တပ်တွေရဲ့တန်ပြန်တိုက်ခိုက်မှုအပေါ် နိုင်ငံတကာရဲ့ဝေဖန်ပြစ်တင်ရှုတ်ချမှုတွေက မြင့်တက်လာနေတယ်လို့သိရပါတယ်။၎င်းအရှေ့ဂူတာမှာ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကတော့ သီတင်းပတ်နှတ်ပတ်လောက်ကြာမြင့်နေပြီလို့လဲသိရပါတယ်။ 

အစိုးရတပ်တွေဝိုင်းထားတဲ့ ဒမားစကပ်မြို့နားက သူပုန်တွေထိန်းချုပ်ထားရာဒေသမှာ နှစ်ဦးနှစ်ဖက်အပြန်အလှန်တိုက်ခိုက်ရင်း အခုဆိုရင် အရပ်သားတွေ ရာနဲချီသေဆုံးခဲ့တာပဲဖြစ်ပါတယ်။၎င်းကိစ္စတွေနဲ့ ပတ်သတ်ပြီး ဆီးရီးယားအစိုးရမှာ တာဝန်ရှိတယ်ဆိုပြီး အမေရိကန်သမ္မတ ထရမ့်က ပြောကြားထားတယ်လို့လဲသိရပါတယ်။ 

ကုလသမ္မဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Zeid Ra'ad al-Hussein အနေနဲ့လဲ အရပ်သားတွေကိုတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် ပဋိပက္ခတစ်ခုမှာ စစ်ရာဇဝတ်ကောင်တွေဟာ အပြစ်ဒဏ်ကနေ လွတ်မြောက်လိမ့်မယ်လို့ မှတ်ယူထားကြပေမယ့် ဆာ့ဘ်ဗိုလ်ချုပ် Radko Mladic အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်သသူတွေဟာ အပြစ်ပေးခံရတာချည်းပါပဲလို့လဲ ပြောကြားခဲ့တယ်လို့သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။