အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ဦးကျော်သူကတော့ တက်သစ်စအနုပညာရှင်တွေနဲ့အတူ ပုဂံမြို့သူဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးလို့နေပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ဒေါင်း ထူးအောင် အိစိကွေး မေမြင့်မိုရ်စတဲ့ ပရိသတ်အချစ်အနုပညာရှင်တွေလည်း ပါဝင်ထားကြပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

ဒီ ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းပေါ်ကဓာတ်ပုံတွေဟာ မကြာခဏဆိုသလို ပရိသတ်တွေကြား ရေပန်းစားနေပြီး အခုတစ်ခါလည်း ရိုက်ကွင်းပေါ်က ကာယဗလမောင်တွေရဲ့ ဓာတ်ပုံကတော့ ပရိသတ်တွေဆီ ရောက်လို့လာပြန်ပါတယ်။ ကာယဗလမောင်တွေကတော့ အခြားသူတွေမဟုတ် ဦးကျော်သူ ဒေါင်းနဲ့ ထူးအောင်တို့ပါပဲ ပရိသတ်ကြီးရေ။ တလောကလည်း ထူးအောင်နဲ့ ဦးကျော်သူတို့ရဲ့ V-day ဓာတ်ပုံလေးတွေကလည်း ပရိသတ်တွေကို သဘောကျစေခဲ့ပါတယ်။ 

ရိုက်ကွင်းပေါ်က အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံတွေကို ဦးကျော်သူနဲ့ ထူးအောင်ရဲ့ Facebook မှတင်ထားတာ တွေ့ရပါတယ်။ ပရိသတ်တွေကတော့ ရိုက်ကွင်းပေါ်မှာ ပျော်ရွှင်နေတဲ့ သူတို့ရဲ့ ဓာတ်ပုံလေးတွေကို သဘောအကျကြီးကျနေကြပြီး ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲကိုလည်း စောင်ြမျှော်လို့နေကြပါတယ်။

Photos : Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။