ဆူမို နပန်း သမားကြီးတွေက ကလေးတွေကို ငိုပြီးရင်း ငိုအောင် လုပ်နေကြသည်ကို မိဘများက ပြုံးရွှင် ဝမ်းသာစွာနဲ့ ကြည့်ရှု အားပေးကြသည့် ရိုးရာပွဲမျိုး ဂျပန်နိုင်ငံတွင် ပြီးခဲ့သော နှစ်ပေါင်း လေးရာကစပြီး ယခုထိ ကျင်းပနေဆဲ ဖြစ်သည်။ဆူမိုများလက်မှာ အပ်ပြီး ငိုအောင်လုပ်ခြင်းသည် ကလေးကို တစ်သက်လုံး ကျန်းမာသန်စွမ်း စေသည်ဟု ဂျပန်လူမျိုး အများစုက ယုံကြည်ကြသည်။ အသက် တစ်နှစ်အောက် ကလေးများချည်းသာ ပါဝင်သည်။ တိုကျို မြို့ ယူကီဂါရာ ဟာချီမန် ဘုရားကျောင်းတွင် ကလေး အငိုပြိုင်ပွဲ နှစ်စဉ် ကျင်းပသလို နိုင်ငံတစ်ဝန်းတွင်လည်း ကျင်းပလေ့ ရှိသည်။ 

ဆူမိုများက ငိုအောင်လုပ်ခြင်းဖြင့် ကလေးသည် ငိုယိုကာ ကြီးလာလျှင် သန်မာအောင် လုပ်မည်ဟူသော မခံချင်စိတ်များ နိုးကြားသဖြင့် ကြီးလာသည့်အခါ ပိုသန်မာလာသည်ဟု မိဘများက ယုံကြည်ကြသည်။ ဆူမိုနပန်း သမားကြီးများက ကလေးငယ်များကို ကိုင်မြှောက်ကာ ငိုအောင် အမျိုးမျိုး လုပ်ကြသည်။

ကလေးများ၏ ငိုသံကို ဘုရားရှင် ကြားရသဖြင့် ထိုကလေးများသည် ကျန်းမာသန်စွမ်းပြီး ကြီးလာကြကြောင်းလည်း ယုံကြည်ကြသည်။  

ပွဲတော် ကျင်းပသည့် နည်းလမ်းများကား ဒေသတစ်ခု နှင့် တစ်ခု ပုံစံ ကွာခြားသော်လည်း အနှစ်သာရ ပိုင်းကား အတူတူ ဖြစ်သည်။တချို့ဒေသများတွင် အရင်ငိုသည့် ကလေးက အနိုင်ရသည်ဟု သတ်မှတ်ထားပြီး၊ အချို့ဒေသများ တွင်ကား နောက်မှ ငိုသည့် ကလေးက အနိုင်ဟု သတ်မှတ်သည်လည်း ရှိသည်။  

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။