ခုတလောကြားရတဲ့သတင်းတွေသက် ငယ်မုဒိမ်းမှုတွေများနေလို့_____မော် လိုက်မြို့တွင်စတုတ္ထ တန်းကျောင်းသူလေး ကပထမတန်း ကျောင်းသူလေးကို အဓမ္မ ပြုကြောင်းကြားရဖတ်ရပြန်ပါသည်။ထိုသတင်းမှာ မော်လိုက်မြို့နယ် တိန်းသာကျေးရွာ တွင် အသက်(၇)နှစ်အရွယ် ပထမတန်း ကျောင်းသူတစ်ဦးကို အသက်(၁၂)နှစ်အ ရွယ် စတုတ္ထတန်းကျောင်းသားတစ်ဦးက မုဒိမ်းကျင့်သည့်ဖြစ်ရပ်ရှိခဲ့၏။

ဖြစ်စဉ်မှာ တိန်းသာကျေးရွာတွင် နေ အိမ်အနီး ဆော့ကစားနေသော ပထမတန်း ကျောင်းသူလေးကို တစ်ရွာတည်းနေ စတု တ္ထတန်းကျောင်းသားက ထိုနေ့ညနေ ၅နာ ရီခန့်က သားမယားပြုကျင့်သည်ဟုဆိုကာ ကျောင်းသူမိခင်က အမှုဖွင့်တိုင်ကြားခဲ့၏။ ကောင်လေးက ငယ်သေးတယ်ဆို တော့ အုပ်ချုပ်မှုကောင်းပြီး လွတ်လွတ်လပ် လပ်နဲ့ထိန်းသိမ်းထားပါတယ်။ တရားသူကြီး အမိန့်အတိုင်း ဆက်လုပ်ရမှာပေါ့။ တရား ခံကတော့ လောလောဆယ်ဆေးရုံမှာဆေး စစ်နေပါတယ်။ ကလေးငယ်ဆိုတော့ က လေးသူငယ်နဲ့လျော်ညီတဲ့အတိုင်းအခွင့်အ ရေးပေးမှာပါ။

လူ့သိတရားနှင့်သာတွေးဖြစ်နေ၏။ လူမှုရေးအရ အုပ်ထိန်းသူမိဘများနှင့်ညှိ နှိုင်းပြောဆိုခဲ့သော်လည်း ပြေလည်မှုမရခဲ့ ဘဲ ပထမတန်းကျောင်းသူ၏ မိခင်က တရားလိုပြုတိုင်တန်း၍ ဒီဇင်ဘာ ၉ရက် တွင် မော်လိုက်မြို့ မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းကြောင့် မော်လိုက်မြို့ မြို့ မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ၏။

မောင်ဒေး(မော်လိုက်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။