“အမုန်းမှသည်” ဇာတ်ကားထဲမှာ စိုင်းနေရောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ပရိသတ်အချစ်တော် မင်းသားချောလေး ကျော်ထက်ဇော်ကတော့ ယနေ့လေးမှာ လှူဒါန်းမှုလေးတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေး ကျော်ထက်ဇော်ကတော့ We Love Kyae Htet Zaw အဖွဲ့သားတွေနဲ့အတူ အလှူလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

ယနေ့ ဖေဖော်ဝါရီ(၃)ရက်နေ့မှာ မန္တလေးမြို့မှာရှိတဲ့ ရှမ်းရိုးမ သာသနာပြု စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ သံဃာတော်များအတွက် သင်္ကန်းများနဲ့ ဆွမ်းများကပ်လှူဒါန်းခဲ့ပါတယ်..။

ထို့ပြင် ကလေးငယ်များအတွက် တစ်နေ့စာ အာဟာများနဲ့ ရေခဲသေတ္တာ၊ ဆေးသေတ္တာ box လိုအပ်တဲ့ပစ္စည်းများ၊ စာအုပ်၊ ဘောပင်၊ ဘုရားပန်း၊ မုန့်တွေနဲ့ အအေးတွေလည်း လှူဒါန်းခဲ့ပါတယ်..။

မင်းသားချောလေး ကျော်ထက်ဇော်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားပြီး ပရဟိတနဲ့ လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်..။

We Love အဖွဲ့သားတွေနဲ့ အတူ လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ မင်းသားချောလေး ကျော်ထက်ဇော်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo – We Love Kyaw Htet Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။