တာင်ဝင်ရိုးစွန်းဒေသ အရှေ့ပိုင်းရှိ ဝေးလံခေါင်းပါးသော ဒိန်းဂျားကျွန်းစုများပေါ်၌ ပင်ဂွင်ငှက်အကောင်ရေပေါင်း ၁ သန်းခွဲကျော်ခန့် နေထိုင်နေကြလျက်ရှိသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရကြောင်း သိပ္ပံပညာရှင်များက မတ်လ ၂ ရက်က ထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါတယ်။တွေ့ရှိခဲ့တဲ့ ပင်ဂွင်းများကို ပထမအကြိမ်စစ်တမ်းကောက်ယူအပြီးမှာတော့ ၎င်းကျွန်းစုတွေမှာပဲ Adelie ပင်ဂွင် စုံတွဲပေါင်း ၇၅၀,၀၀၀ ကျော် နေထိုင်နေကြတာကိုလဲတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ 

အခုတွေ့ရှိနေတဲ့ပင်ဂွင်းပမာဏတွေဟာ အခြားသော တောင်ဝင်ရိုးစွန်းဒေသ ကျွန်းစုဒေသများတွင် ရှိနေသော ကောင်ရေစုစုပေါင်းထက်ပင် ပိုမိုများပြားနေတယ်လို့လဲသိရပါတယ်။ " ခုလို ဒီကျွန်းတွေမှာ ဒီလောက်များတဲ့ ပင်ဂွင်တွေ တွေ့ရတာကိုက တော်တော်လေးကို အံ့အားသင့်စရာကောင်းပါတယ်၊ ခုလို တွေ့ပြီးတဲ့နောက်မှာတော့ ဒီဒေသတွေကို ဘယ်လိုထိန်းသိမ်းရမလဲ စဉ်းစားသွားရပါတော့မယ်" ဆိုပြီးသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဟယ်သာလင့်ချ်ကပြောကြားထားပါတယ်။ 

သို့ပေမယ့် အခုတွေ့ရှိတဲ့နေရာနဲ့ ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) အကွာ တောင်ဝင်ရိုးစွန်းဒေသ အနောက်ပိုင်းဘက်ခြမ်းတွင်မူ အဆိုပါအလားတူ ပင်ဂွင်မျိုးစိတ်များမှာ ကောင်ရေ သိသိသာသာ ကျဆင်းမှု ရှိနေခဲ့တာပဲဖြစ်ပါတယ်။ထိုသို့ဖြစ်ရခြင်းမှာ ကမ္ဘာကြီးပူနွေးပြီး ပင်လယ်ရေခဲပြင်ထု အရည်ပျော်လာနေမှုကြောင့် ဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကပြောကြားထားပါတယ်။

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။