လက်ရှိရေပန်းစား အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသား နေမင်းကိုတော့ သိကြမယ်ထင်ပါတယ်။ သရုပ်ဆောင်ပီပြင်မှုတွေနဲ့ သဘာဝကျကျသရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရဲ့ ချစ်ခင်မှုတွေကို ရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်နေမင်း ကတော့သရုပ်ဆောင်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ အပြင် စာဖက်ဝါသနာပါသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ယခုနောက်ပိုင်း နေမင်းကတော့ ကဗျာ၊ အလကာၤများကို ရေးသားလေ့ရှိပြီး ပရိသတ်တွေဆီပြသလေ့ရှိတာတွေ့ရပါတယ်။ ဓာတ်ပုံများစွာရိုက်ကူးလေ့ရှိပြီး အလွမ်းအဆွေးနဲ့ ခတ်မိုက်မိုက် ဓာတ်ပုံများကို ပိုမိုရိုက်ကူးလေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့နေမင်းစာသားလေးကတော့ "လူ ဆို တာ ကိုယ့်ရွေးချယ် မှု့ ဖြင့် သေခွင့် ရှိ့သည်။ ကိုယ့်ရွေးချယ်မှု့ ဖြင့် နေခွင့် ရှိ သည်။ သို့သော် ကိုယ့် ရွေး ချယ် မှု့ ဖြင့် ရှင် သန်ခွင့် တော့ မရှိ။ ရှင် သန်ခြင်းကိုကြိုးစားပိုင်ခွင့်တော့ ရှိသည်။ သေဆုံးခြင်း အတွက်လည်း ရွေးချယ်ခွင့်တော့ မရှိနိုင်။ နှစ်သက်သော လိုချင်သော သေဆုံးခွင့် အတွက်တော့ ဖန်တီးတည်ဆောက် နိုင် စွမ်း ရှိသလို ဖန်တီးနိင်အောင်လည်း ကြိုးစားခွင့်တော့ရှိပြန်သည်။" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်တော်သလို့ ဘဝအတွက်ခံစားချက်တွေချရေးတဲ့ နေရာမှာလည်း ခက်မိုက်မိုက်စာသားလေးတွေကို သီကုံးတက်သူလဲဖြစ်ပါတယ်။ ချစ်ပရိသတ်များအတွက် ဒီကနေ့နေမင်းရဲ့ ဘဝစာသားနေနဲ့အတူ စာပေးစိတ်ဝင်စားတဲ့ ဓာတ်ပုံလေးတွေကိုပါ မျှဝေပေးလိုက်ပါတယ်။

Source - Nay Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။