အဆိုတော်၊မင်းသမီး စန္ဒီမြင့်လွင်ကတော့ အနုပညာကိုမျိုးနဲ့ရိုးနဲ့ လုပ်ကိုင်လာခဲ့ကြတဲ့ အနုပညာအသိုင်း အဝိုင်းကြီးထဲမှ အနုပညာအမွေကိုဆက်ခံလာသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။လက်တလောလူမှုကွန်ယက် တွေပေါ်မှာတော့ သူမရဲ့ မင်္ဂလာသတင်းလေးတွေက အရမ်းကိုလူပြောများနေပြီး ရေပန်းစားလို့နေပါတယ်။ မကြာခင်မှာ အိမ်ထောင်ပြုတော့မှာဖြစ်တဲ့ သတို့သမီးလောင်းလေး စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲလေးကိုလည်း ပရိသတ်တွေ စိတ်ဝင်စား စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ 

သတို့သမီးလောင်းလေးစန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ လေးကို မတ်လ(၄)ရက်နေ့၊ဒီနေ့မနက်ပိုင်းမှာပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ရန်ကုန်မြို့၊တော်ဝင်ဂါးဒင်းဟိုတယ် မှာလက်မှတ်ထိုးပွဲလေးပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒီနေ့ရက်မြတ်လေးကတော့ သူတို့ဇနီးမောင်နှံလေးနှစ်ဦးအတွက် တကယ်ကိုကြည်နူးစရာနေ့လေးတစ်နေ့ပဲ ဖြစ်ပါတယ်။နှစ်ဖက်မိဘစုံစုံလင်လင်နဲ့ အနုပညာရှင်တစ်ချို့တက်ရောက်ချီးမြင့်ခဲ့ကြတဲ့ ဒီပွဲလေးမှာတော့ သူတို့နှစ်ဦးနဲ့ထပ်တူပရိသတ်တွေပါ ကြည်နူးပျော်ရွှင်နေကြရပါတယ်။ 

ပရိသတ်အချစ်တော် စန္ဒီမြင့်လွင်တစ်ယောက်လည်း အရမ်းကိုပျော်ရွှင်နေပြီး လဝန်းလေးလို့အေးမြတဲ့ အပြုံး တွေဝေဆာနေတာကို ကြည်နူးဖွယ်မြင်တွေ့ရပါတယ်။သူတို့နှစ်ဦးရဲ့ PreWedding ပုံရိပ်လေးတွေ လူမှုကွန် ယက်မှာတင်ခဲ့စဉ်ကတည်းက ပရိသတ်တွေအားကျနေခဲ့ရတာဖြစ်ပြီး ဒီနေ့မှာတော့ပရိသတ်တွေကို ပိုပြီးအား ကျစေခဲ့ပြီပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအားကျလို့မဆုံးဖြစ်သွားစေမယ့် သူတို့နှစ်ဦးရဲ့ကြည်နူဖွယ် မင်္ဂလာ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲလေးမှ ပုံရိပ်လေးတွေကိုလည်းမျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - စန္ဒီမြင့်လွင်

Photo - Credit  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။