တစ်နိုင်ငံလုံးမှာ မြန်မာကားမကြည့်တဲ့သူတွေကို ကြည့်ချငိစိတ်ပေါက်လာအောင် အသက်သွင်းနိုင်သူလေးကတော့ ဥပ္ပါယ်တံမျဉ် ပဲ့ကိုင်ရှင် ဒါရိုက်တာခရစ်စတီးနားခီဖြစ်ပါတယ်

သူမရဲ့ဖန်တီးမှုကိုပုံဖော်ပေးတဲ့ ခင်ပွန်းဖြစ်သူ မင်းသား ဇဏ်ခီကလည်း ပွဲဦးထွင်နဲ့တင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားသူဖြစ်ပါတယ်

ဒီနေ့မှာတော့ ပရိသတ်အချစ်တော် ဒါရိုက်တာ ခရစ်စတီးခီဟာ သီလရှင်ဆရာလေးတစ်ဖြစ်လဲ သာသနာ့ဘောင်ကိုဝင်ရောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်

ရတဲ့အချိန်အခိုက်အတန့်လေးမှာ ကုသိုလ်ရေးကိုလည်း အချိန်ပေးတဲ့ သူမဟာ သာသနာ့ဘောင်ဝင်တဲ့ ပုံရိပ်တွေကို သူမရဲ့ ဖေ့ဘုတ်မှာ မျှဝေထားပါတယ်

"ဆရာလေး ယနေ့ကုသိုလ်..

ဆရာလေးဘွဲ့ကတော့ မဝရဌာဏီ (မြတ်သောဉာဏ်ရှိသူ)

ဒီနေ့ရတဲ့ကုသိုလ်တွေအားလုံးကို အမျှဝေပါတယ်.. " ဆိုပြီး ရေးသားထားပါတယ်

ခင်ပွန်းသည် ဇဏ်ခီ ကလည်း ဇနီးဖြစ်သူ သာသနာ့ဘောင်ဝင်တဲ့အပေါ် ပါရမီဖြည့်ဖက်ပီသစွာ ဘေးမှာ ပီတိဝေဖြာနေပုံတွေကိုတွေ့ရပါတယ်

သူတို့ဇနီးမောင်နှံဟာ သားလေး တစ်ယောက်ထွန်းကားထားပြီး ဝါသနာတူတဲ့ အနုပညာဇနီးမောင်နှံလို့ ဆိုရမှာပါပဲ

ကဲ ပရိသတိကြီးရေ ဆရာလေးအတွက် သာဓုဆခါ်ခဲ့နော် 

Source- Christina kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။