ဇွန်လ (၃၀) ရက်နေ့တွင် ပိတ်သိမ်းခဲ့သော ၂၀၁၆ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ချယ်လ်ဆီးအသင်းက မနေ့ကထုတ်ပြန်ကြေငြာခဲ့သည်..။ ယခုနှစ်တွင် ချယ်လ်ဆီးအသင်းမှာ သမိုင်းတစ်လျှောက် အမြင့်မားဆုံးစံချိန်ဖြစ်သည့် ပေါင်သန်း (၃၂၉.၁) သန်း ၀င်ငွေရခဲ့ပြီး ယမန်နှစ်ကထက် ပေါင် (၄.၇) သန်း ပိုမိုရရှိခဲ့သည် (၂၀၁၅ ခုနှစ်ဝင်ငွေစုစုပေါင်းမှာ ၃၁၄.၃ သန်း ဖြစ်သည်.)..။

သို့သော်အသင်းအနေဖြင့် အဲဒီဒက်စ် ကုမ္ပဏီနှင့်ချုပ်ဆိုခဲ့သည့်စာချုပ်ကိုဖျက်သိမ်းခဲ့သည့်အတွက် နစ်နာကြေးပေါင် (၇၅.၃ ) သန်း ပေးချေခဲ့ရသဖြင့် ၂၀၁၆ ခုနှစ်ဘဏ္ဍာရေးစာရင်းပိတ်သိမ်းချိန်တွင် ပေါင် (၇၀.၆) သန်း အရှုံးပေါ်ခဲ့ရသည်..။ အသင်းအနေဖြင့် လာမည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင် (၁) ရက်မှ စတင်ပြီး နိုက်ကီကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သည့် အသင်း၏သမိုင်းတစ်လျှောက် အမြင့်မားဆုံးစီးပွားရေးနှင့်နည်းပညာဆိုင်ရာ သဘောတူညီမှု အသက်ဝင်လာတော့မည်ဖြစ်သည်..။

၂၀၁၆- ၁၇ ဘောလုံးရာသီတွင် ဥရောပပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်မရခဲ့သော်လည်း ပရီးမီးယားလိဂ် ရုပ်သံထုတ်လွှင့်ခွင့် စာချုပ်သစ်ကြောင့် လာမည့်နှစ်တွင် ရရှိမည့်ဝင်ငွေပမာဏမှာ ယခုနှစ်ထက်သာလွန်ဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့သည်..။ အသင်းဥက္ကဌ ဘရုစ် ဘတ်ခ်က

“ချယ်လ်ဆီးအသင်းဟာ မနှစ်ကရလဒ်ပိုင်းမကောင်းခဲ့ပေမယ့် ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ ကြိုးစား၊ အားထုတ်မှု၊ အခြားစီးပွားရေးလုပ်ငန်းတွေရဲ့ ထောက်ပံ့မှုတွေကြောင့် သမိုင်းတစ်လျှောက် အမြင့်မားဆုံးဝင်ငွေရရှိခဲ့ပါတယ်..။ ကျွန်တော်တို့ရဲ့ရေရှည်ရည်မှန်းချက်က အသင်းရဲ့ရလဒ်တွေဘယ်လိုပဲ ဖြစ်ပါစေ.. ခိုင်မာတဲ့လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ဖြစ်ပြီး အဲဒီလိုခိုင်မာတဲ့အသင်းတစ်သင်း ဖြစ်လာအောင် တည်ဆောက်နေကြပါတယ်..။” ဟု ပြောကြားခဲ့ပါသည်..။

Credit - Myanmar Chelsea

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။