အနုပညာလောကရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူလည်းဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ မနေ့ညကကျင်းပခဲ့တဲ့ Green Circle Company ပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့အတွက် ပွဲအတော်များများကို VIP ဧည့်သည်အဖြစ် ဖိတ်ကြားခြင်းခံရပြီး သူမရဲ့ ပွဲတက်ဖက်ရှင်တိုင်းဟာလည်း ပရိသတ်တွေကြား သတင်းကြီးလေ့ရှိပါတယ်။ 

ဒီတစ်ခါမှာလည်း သူမဟာ အနီရောင်တောက်တောက် Evening Gown ကို ဝတ်ဆင်ထားပြီး လက်မှာလည်း အနီရင့်ရောင် Dior လက်ကိုင်အိတ်ကို လိုက်ဖက်ညီစွာ ရွေးချယ်လို့ဝတ်ဆင်ထားတာတွေ့ရပါတယ်။ မိတ်ကပ်အပြင်အဆင်ကိုတော့ နာမည်ကြီးမေဦးက လိမ်းခြယ်ပြင်ဆင်ပေးခဲ့တာဖြစ်ပြီး sexy and elegant look ဘက်ကို ရောက်အောင်ပြင်ထားတာ တွေ့ရပါတယ်။ 

ဒီပွဲကိုတော့ အခြားနာမည်ကြီး အနုပညာရှင်တွေလည်း တက်ရောက်လာကြပြီး အတော်လေး စည်ကားသိုက်မြိုက်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဝတ်မှုန်ရွေရည်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာတွေ့ရပြီး နေမင်း နေခြည်ဦးတို့နဲ့အတူ "ရန်သူ" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ.....

Photo : Nay Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။