အဆိုတော် G Fattနဲ့ နန်းဆုရတီစိုးတို့စုံတွဲလေးကတော့ လက်တလော လူမှုကွန်ယက်မှာ ပရိသတ်စိတ်ဝင်စား မှုအများဆုံးရရှိတဲ့ စုံတွဲလေးတစ်တွဲလို့ ဆိုရပါမယ်။ဝါသနာပါရာ အနုပညာလမ်းကြောင်းတစ်ခုထဲမှာပဲ အတူတူ လျှောက်လှမ်းနေကြပြီး အောင်မြင်မှုကိုယ်စီရရှိပိုင်ဆိုင်နေကြတဲ့ လူငယ်တေးသံရှင်လေးတွေပဲ ဖြစ်ပါတယ်။ပြီး ခဲ့တဲ့ရက်ပိုင်းမှာလည်း အဆိုတော် G Fatt ရဲ့ 120/B လို့အမည်ရတဲ့ တေးစီးရီးအသစ်လေးထွက်ရှိခဲ့ပြီး သီချင်း ခွေပရိုမိုရှင်းပွဲလေးမှ သူတို့နှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေ အရမ်းသဘောကျခဲ့ ရတဲ့ပုံရိပ်လေးတွေ ဖြစ်ခဲ့ပါတယ်။ 

အခုလည်း နန်းဆုရဲ့လူမှုကွန်ယက်ကနေ G Fatt ရဲ့သီချင်းခွေအသစ်လေးထဲမှ သီချင်းစာသားလေးတွေနဲ့ အတူချစ်စရာကောင်းတဲ့ ပုံလေးတွေတင်လိုက်ပြန်ပါပြီ။ဒီရက်ပိုင်းမှာ ကွီးG Fatt ရဲ့သီချင်းလေးတွေပဲ နား ထောင်ဖြစ်၊ဆိုဖြစ်နေတာကြောင့် ပရိသတ်တွေကတောင် ကျီစယ်နေကြပါတယ်။သူမရဲ့ လူမှုကွန်ယက်မှာတော့ “မင်္ဂလာပါရှင် အဲ့လိုအသံနေအသံထားနဲ့နှုတ်ဆက်တတ်တဲ့မြန်မာအကြောင်းပြောရင် ပုဂံမြေကိုချန်မထားနဲ့” ဆိုတဲ့ ကွီး G Fattရဲ့သီချင်းစာသားလေးနဲ့ ပုံလေးတွေတင်ထားတာပဲ ဖြစ်ပါတယ်။ 

ပရိသတ်အသဲကျော် နန်းဆုကတော့ လက်ရှိမှာ ပုဂံမြေကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။လက်တလောနယ်ပွဲ လေးတွေလက်ခံထားတာကြောင့် နယ်ကချစ်ပရိသတ်တွေစီ သွားရောက်ဖျော်ဖြေနေတာပဲ ဖြစ်ပါတယ်။ အခုတော့ ပရိသတ်တွေသဘောကျနေတဲ့ သူမရဲ့ပုဂံရောက် ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ အတွက်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နန်းဆုရတီစိုး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။