အမေရိကန်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက သံနဲ့ သံမဏိတင်ပို့မှုကို အခွန်ကောက်မယ်လို့ ပြောဆိုပြီးနောက် EU ဘက်ကလည်း ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ EU ဘက်မှ အမေရိကန်ရဲ့ လုပ်ရက်အတိုင်း ၎င်းတို့ကလည်း ပြန်လည်လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ထရမ့်မှာအခုလိုပြောကြားလာခြင်းဖြစ်ပါတယ်။

အမေရိကန်ကို သံမဏိနဲ့ အလူမီနီယမ်တင်သွင်းမှုအပေါ် အခွန်ကောက်မယ့် အစီအစဉ်ကို သမ္မတ ထရမ့်က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့ပြီးနောက်မှာ အခုလို အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ ကြေညာချက်အပေါ် ဥရောပ သမဂ္ဂ အပါအဝင် အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေက ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်လိုဘဲ သူတို့ဖက်ကလည်း အလားတူ တုန့်ပြန်သွားမယ်လို့ ဥရောပဆိုင်ရာ ကော်မရှင်ဥက္ကဌ Jean-Claude Junker က ပြောပါတယ်။ 

တကယ်လို့ အီးယူက အမေရိကန် ကုမ္ပဏီတွေ အပေါ် အတားအဆီးတွေ လုပ်ခဲ့ရင် အမေရိကန်ဖက်ကလည်း အီးယူဖက်က ကားတင်သွင်းမှုကို အခွန်ကောက်မယ်လို့ သမ္မတထရမ့်က တွတ်တာပေါ်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ အီးယူ အတွက် အကြီးမားဆုံး ကားဈေးကွက် တခု ဖြစ်ပါတယ်။ 

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။