နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် ကြို့ပင်ကောက်မြို့မှာရှိ တဲ့ သင်္ခရိုင်ပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ အလှူပြုခဲ့တာပဲဖြစ်ပါတယ်။ တကယ်ကို လိုအပ်နေတဲ့ နေရာလေးမှာ ခုလိုအလှူပြုတဲ့အတွက် သာဓုအကြိမ်ကြိမ်ခေါ်ပါတယ် မင်းသမီးချောလေးရေ။ အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ်နဲ့ အနုပညာလောက်ထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး ပရိတ်သတ်တွေကလည်း တခဲနက်အားပေးမှုတွေနဲ့ ကြိုဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အသက်သုံးဆယ် ကျော်အရွယ် အပျိုကြီးမမအဖြစ်နဲ့ သူမရဲ့လှပမှုတွေက တကယ်ကိုကြွေချင်စရာပါပဲ။

သူမရဲ့အမဖြစ်သူ နှင်းဝတ်ရည်သောင်းနဲ့ အတူ အနုပညာလောကထဲမှာ ကျင်လည်ခဲ့ကြပြီး အချိန်တစ်ခုထိ အနားယူထားတာဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်လာချိန်မှာတော့ သူမ တစ်ဦးတည်းသာဖြစ်ပြီး အမဖြစ်သူနှင်းဝတ်ရည်သောင်းကတော့ အင်္ဂလန်နိုင်ငံမှာ အလုုပ် လုပ်ရင်း ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒီနေ့ပြုတဲ့သူမရဲ့အလှူလေးက သူမတစ်ဦးတစ်ယောက်တည်းအလှူမဟုတ်ပဲ ပရိတ်သတ်တွေရဲ့အလှူ ခုနှစ်ရက်သား သမီးတွေရဲ့ အလှူပါလို့ သူမကဆိုပါတယ်။ ချစ်စရာကောင်းတဲ့ စိတ်ထားလေးရှိတဲ့ အပျိုကြီးမမပါပဲနော်။

သူမရဲ့ Facebook မှာ " ဒီနေ့ ကြို့ပင်ကောက်မှာရှိတဲ့ သင်္ခရိုင်ပရဟိတ ဘုန်းတော်ကြီး ကျောင်း မှာ အလှူလေးလုပ်ခဲ့ပါတယ်။ မအေးသောင်း ၁၁ သိန်း Remax မိသားစု ၁၅ သိန်း တနေ့လုံးစာ ထမင်းဟင်း မုန့် ရေသန့်နဲ့ ဗလာစာအုပ် ဒါဇင်၁၀၀ တို့ကိုလှူဒါန်းခဲ့ပါ တယ်ရှင့်။ ကျောင်းဆောင်ကြီး မီးလောင်ပြီးကတည်းက သွားလှူချင်ခဲ့တာပါ။ လိုအပ်တဲ့ နေရာလေးကို အသိပေးတဲ့ ညီမလေး ခင်နှင်းကြည်သာကိုလည်းကျေးဇူးတင်ပါတယ်။ ဒီအလှူလေးက Facebook ကအမျိုးတွေ တစ်ယောက် ချင်းစီတိုင်းပါတဲ့ အလှူလေးပါ။ အမျိုးတွေအားလုံးပီတိဖြစ်ရအောင် တင်ပေးလိုက်ပါ တယ်ရှင်။ အလှူဓာတ်ပုံလေးတွေ တင်ရခြင်းက ဒီနေရာလေးမှာလိုအပ်မှုလေးတွေရှိနေလို့ လှူချင်ရင်လှူလို့ရအောင် တင်ပေးရတာပါရှင်။ အလှူလေးမှာအတူတူပူးပေါင်းပါဝင်ပေးတဲ့ Remax Myanmar မှ အမျိုးများကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့်။ " ဆိုပြီး သူမရဲ့ကြည်နူးဖို့ကောင်းတဲ့ အလှူလေးအကြောင်းကို တင်ထားတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း အလှူပုံရိပ်လေး တွေ ကြည့်ပြီး မုဒိတာပွားရအောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Aye Thaung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။