ညိုချောလေးနန်းခင်တစ်ယောက်တော့ သူမမွေးနေ့ကို ပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။

ဘုရားအတူသွားကာ ကစားကွင်းများလည်း လျှောက်လည်ရင်း အမှတ်တရဓာတ်ပုံကလေးများရိုက်ကာ ဒီနှစ်ရဲ့ မွေးနေ့လေးကို ထူးခြားစွာပဲ ကုန်ဆုံးခဲ့ပါတယ်။

အင်္ဂလိပ်နဲ့ ဂျာမန် ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်တဲ့ သူမဟကထူးချွန်တဲ့ ဧည့်လမ်းညွှန် တစ်ယောက်ဖြစ်သလို Miss Myanmar 2012 ဆိုတဲ့ဆုတံဆိပ်ကြီးကိုလည်း ထိုက်တန်စွာရရှိထားသူပါ။

မြန်မာနိုင်ငံရဲ့ပထမဆုံးလူသိများကျော်ကြားခဲ့တဲ့ miss တစ်ယောက်လို့လဲဆိုနိုင် ပါတယ်။ သူမရဲ့အရည်အချင်းတွေက ဒီမှာပဲရပ်တန့်မသွားပါဘူး။

သီချင်းဆိုကောင်းသူတစ်ယောက်လည်း ဖြစ်တာမို့ သူမရဲ့ NONSTOP ဆိုတဲ့ တကိုယ်တော် အယ်လ်ဘမ်လေးကလဲ ပရိသတ်ရင်ထဲရောက်ရှိခဲ့ပါတယ်။

အနုပညာနဲ့ ပတ်သက်လို့ ဘက်စုံထူးချွန်တဲ့ တိုင်းရင်းသူလေးနန်းခင်ဇေယျာရဲ့ ပုံရိပ်ကလေးတွေကို Myanmar Load ကပရိသတ်ကြီးအတွက် စူစည်းကာ ဖော်ပြပေးလိုက်ပါတယ်။

Source – Nang Khin Zay Yar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။