မတ် (၂)ရက်တွင် အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် မျက်စိအတွင်း တိမ်ခွဲစိတ်မှု ပြုလုပ်ပြီးနောက်မှာတော့ လူ ၁၁ဦး အမြင်အာရုံဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဆေးရုံတွင် အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူနေဆဲဖြစ်သော လူနာ ၉၆ဦးရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ အတွင်းတိမ်ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာမှာတော့ လူနာ ၉၆ဦးအနက် ၁၁ဦးမှာ ခွဲစိတ်မှု နောက်ပိုင်း ရောဂါပိုးဝင်မှုကြောင့် မျက်လုံးတစ်လုံး အမြင်အာရုံဆုံးရှုံးခဲ့ရတာ ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်း စာတစ်ခုက ဖော်ပြခဲ့ပါတယ်။  

အဆိုပါကိစ္စနဲ့ပတ်သတ်ပြီးလည်း ပြည်နယ်အစိုးရကစုံစမ်းစစ်ဆေးရန် ညွှန်ကြားထားတယ်လို့သိရပါတယ်။ ကျန်းမာရေးဋ္ဌာန ပြည်နယ် ညွှန်ကြားရေးမှူး Ranu Sahu က လူ(၁၁)ဦးရဲ့ မျက်လုံးတွင် ပြင်းထန်တဲ့ ရောဂါ ပိုးဝင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့ပြီး အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း မီဒီယာသို့ပြောကြားခဲ့ ပါတယ်။ အမြင်အာရုံဆုံးရှုံးခဲ့ရတဲ့ လူနာများကိုလည်း ဆက်လက်ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။  

လက်ရှိမှာတော့ ကျန်ရှိနေတဲ့ မျက်စိဝေဒနာရှင်များကို ထပ်မံခွဲစိတ်မှု မပြုလုပ်ပဲရပ်ဆိုင်းထားတယ်လို့ ဆရာဝန် တစ်ဦးကပြောပါတယ်။အိန္ဒိယနိုင်ငံတွင် ပြည်သူများ အမြင်အာရုံဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ နှင့် အစိုးရမဟုတ်သော ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ မကြာခဏ စုစည်း၍ အခမဲ့ (သို့) စရိတ်မျှပေးပုံစံဖြင့် အတွင်းတိမ်ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - Xinhua 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။