နာမည်ကျော်အဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းတစ်ယောက် မနေ့က JEAN TOWN ဖိနပ်ဆိုင်ဖွင့်ပွဲကိုတက်ရောက်ခဲ့တဲ့ သူမရဲ့အလှဆုံးပုံရိပ်တွေကို တင်ထား တာဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အရုပ်မလေးနဲ့တူတဲ့ သူမရဲ့ပုံစံလေးကြောင့် ပရိတ်သတ် တွေက ချစ်ခင်အားပေးလာတာ အခုဆိုရင် အချိန်အတိုင်းအတာတစ်ခုထိ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ အဆိုင်ပိုင်းတင်မက သရုပ်ဆောင်ပိုင်းမှာပါ ပရိတ်သတ်အားပေးလက်ခံရတဲ့ ချစ်စဖွယ်မင်းသမီးလေးပါပဲ။

လက်ရှိမှာတော့ သူမရဲ့ချစ်သူ အဆိုတော်အောင်လရဲ့ သာယာပျော်ရွှင်တဲ့ အချစ်ခရီး လမ်းလေးကို ဖြတ်သန်းနေတာဖြစ်ပြီး ပရိတ်သတ်အားပေးချစ်ခင်တဲ့ အဆိုတော်စုံတွဲလေး လည်းဖြစ်ပါတယ်။ သီချင်းခွေတွေလည်းထွက်ရှိထားပြီး အသံချိုချိုလေးကြောင့် ပရိတ်သတ် အားပေးမှုကို အပြည့်အ၀ ရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံစံလေးကလည်း ပရိတ်သတ်တွေရဲ့ အချစ်ကိုအပြည့်အဝသိမ်းပိုက်ထားတဲ့ အကြောင်းအရာ တစ်ခုပဲဖြစ်ပါတယ်။

သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကို Facebook မှာ " မနေ့က JEAN TOWN ဖိနပ်ဆိုင် ဖွင့်ပွဲ ပုံလေးတွေ " ဆိုပြီး သူမရဲ့ချစ်စဖွယ် ပွဲတက်ပုံရိပ်လေးတွေကို တင်ထားတာဖြစ်ပါတယ်။ ကတ္တီပါစိမ်းပြာရောင် လေးကို ဝတ်ထားတဲ့ သူမရဲ့အလှပဆုံးပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Wine Su Khine Thein's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။