မတ်လ ၂ရက် နံနက်ပိုင်းအချိန်၊ အမေရိကန်နိုင်ငံ Mt. Pleasant မြို့ ရှိ ဗဟိုမီချီဂန်တက္ကသိုလ်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးကြောင်း Detroit Free Press သတင်းဋ္ဌာနတစ်ခုကဖော်ပြခဲ့ပါတယ်။သေနတ်ပစ်ခဲ့ မှုမှ သေနတ်သမားကတော့ လွတ်မြောက်နေဆဲပါလို့ မီချီဂန်ပြည်နယ် ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ချက် အရသိရပါတယ်။  

သေဆုံးသူများကတော့ တက္ကသိုလ်ကကျောင်းသားများမဟုတ်ပဲ ဖြစ်စဉ်ကလည်း အိမ်တွင်းပြဿနာ တစ်ခုမှ စတင်ခြင်းဖြစ်တယ်လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ပစ်ခတ်မှုဟာ တက္ကသိုလ် အဆောင် Campbell Hall ရဲ့ ၄လွှာတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး စာသင်ချိန်အားလုံးကို ရပ်ဆိုင်းခဲ့ပြီး ကျောင်းသားများအား အခင်းဖြစ်ပွားရာနေရာမှ ရှောင်ရှားကာ ဘေးကင်းသည့်နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ သိရပါတယ်။ တရားခံကတော့ အသက် ၁၉နှစ်အရွယ် လူမည်းအမျိုးသား တစ်ဦးဖြစ်ပြီး ၎င်းဟာလက်နက်ကိုင်ဆောင်ထားတာကြောင့် အန္တရာယ်ရှိသူတစ်ဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်အင်အားအမြောက်အများနဲ့ တရားခံအား ရှာဖွေဖမ်းဆီးလျက်ရှိတယ်လို့ မီချီဂန်ပြည်နယ် ရဲတပ်ဖွဲ့ (MSP) ကပြောပါတယ်။ ဗဟိုမီချီဂန်တက္ကသိုလ်သည် အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်၊ Detroitမြို့ အနောက်မြောက်ဘက် ၁၅၅မိုင်အကွာခန့်တွင်တည်ရှိပြီး ကျောင်းသားပေါင်း ၂၃,၀၀၀ ခန့်ပညာသင်ကြားလျက်ရှိတယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။