မြန်မာနိုင်ငံက ပရိတ်သတ်အများဆုံး Beauty Blogger တွေထဲ နေခြည်ဦးလည်း တစ်ယောက်အပါအဝင်ပါ ။ အထူးသဖြင့် သူမရဲ့ Fan တွေက မိန်းကလေးတွေများပြီး သူမကို အလွန်ချစ်ခင်ကြပါတယ် ။ သူမရဲ့ Honest Review တွေကြောင့် သူမညွှန်းတဲ့ ကုန်ပစ္စည်းမှန်သမျှ ပစ္စည်းပြတ်လပ်သွားတဲ့ထိကို ရောင်းရပါတယ် ။ သူမက Beauty Blogger တစ်ယောက်အဖြစ်စတင်လုပ်ကိုင်ခဲ့ပေမယ့် ပရိတ်သတ်တွေရဲ့ အားပေးမှုရရှိပြီးနောက်မှာ အခြားသော အနုပညာအလုပ်တွေကိုပါတွဲဖက်လုပ်ကိုင်လာပါတယ် ။ 

ခုလည်း အလုပ်ကိစ္စနဲ့ မန္တလေးကိုရောက်ရှိနေတာပါ ။

မန္တလေးက Ocean Super Center - Mingalar Mandalay မှာကျင်းပပြုလုပ်တဲ့ SOLA Cosmetics Myanmar ရဲ့ First Anniversary စျေးရောင်းပွဲကို မြန်မာနိုင်ငံက နာမည်ကြီး Blogger တွေ သရုပ်ဆောင်တွေ အပါအဝင် ထိုင်းနာမည်ကြီးမင်းသား Push လို့ချစ်စနိုးခေါ်တဲ့ Puttichai Kasetsin ကိုပါ ဖိတ်ကြားခဲ့ပါတယ် ။

ထိုင်းမင်းသား Push ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်မို့ မြန်မာနိုင်ငံမှာ ပရိတ်သတ်များပြားပါတယ် ။ အဆိုပါပွဲကို ရောက်ရှိနေတဲ့ Blogger တွေထဲ မိန်းကလေးများရဲ့ အသည်းတုံးလေး နေခြည်ဦးကတော့ ထိုင်းမင်းသားနဲ့ရော ပရိတ်သတ်တွေနဲ့ပါအတူ ဓါတ်ပုံတွေ ရိုက်ကူးခဲ့တာပါ ။ ခုလက်ရှိမှာတော့ ချီချီနဲ့ ထိုင်းမင်းသားလေးနဲ့ အတူ ရိုက်ကူးထားတဲ့ပုံလေးတွေကို သဘောကျနှစ်ခြိုက်သူများပြားနေပါတာကိုတွေ့ရှိရပါတယ် ။ 

သတင်းအရင်းမြစ် Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။