ထူးဆန်းစွာပြောက်ဆုံးခဲ့တဲ့ မလေးရှားလေယာဉ် MH 370 ကတော့ ပျောက်ဆုံးခဲ့တာ လေးနှစ်ပြည့်မြောက်လာခဲ့ပါပြီ။ သို့သော်လည်း လေယာဉ်နဲ့ပက်သက်ပြီး တစွန်းတစမျှ မသိခဲ့ရတာတော့ အံ့သြစရာပါပဲ။ တစ်ကမ္ဘာလုံးထိတ်လန့် တုန်လှုပ်ခဲ့ရတဲ့ လေကြောင်းမတော်တစ်ဆမှုကြီး ဖြစ်ပါတယ်။

ဒီလေယာဉ်ပျောက်ဆုံးမှုကို အမေရိကန်ကုမ္ပဏီက အဓိကရှာဖွေတာဖြစ်ပြီး ဇွန်လမှာတော့ ရှာဖွေမှုကို ရပ်တန့်တော့မှာဖြစ်ပါတယ်။

မလေးရှား၊ သြစတြေးလျနှင့် တရုတ်နိုင်ငံတို့၏ တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာအတွင်း MH 370 ရှာဖွေရေးလုပ်ငန်းစဉ်ကို ပြီးခဲ့သည့်နှစ်က ရပ်နားလိုက်ပြီးနောက် ယခုနှစ် ဇန်နဝါရီလအတွင်း မလေးရှားသည် အမေရိကန် တက္ကဆက်အခြေစိုက် Ocean Infinity ကုမ္ပဏီနှင့် ရှာဖွေရေးအောင်မြင်မှ ငွေအကျေပေးစနစ်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ကုမ္ပဏီအနေဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် ရှာဖွေရေးအား စတင်ခဲ့ပြီး ယခုဆိုလျှင် MH 230 အား ရှာဖွေနေသည်မှာ ရက်ပေါင်း ၉၀ တိုင်ပြီဖြစ်ပါတယ်။ 

ရှာဖွေရေးယာဉ်များအတွက် သြစတြေးလျတွင် လောင်စာဖြည့်သွင်းရခြင်းနှင့် ဆိုးဝါးသည့် ရာသီအခြေအနေတို့ကြောင့် ရက်ပေါင်း ၉၀ မှာလည်း လအနည်းငယ်မျှသာ ရှာဖွေရေးကို လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း မလေးရှားလေကြောင်းဆိုင်ရာ အကြီးအကဲ အဒူရက်ရှ်မန်းက ပြောပါတယ်။

ကွာလာလမ်ပူအနီးရှိ ရှော့ပင်းမောလ်တစ်ခုတွင် အောင်းမေ့ဖွယ်အခမ်းအနား ကျင်းပရာတွင် ရက်ရှ်မန်းက ရှာဖွေရေးကို ချောချောမောမော ဆောင်ရွက်နေပြီး လာမည့် ဇွန်တွင် အပြီးသတ်ဖွယ်ရှိကြောင်း ပြောခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် မတ် ၈ ရက်က ခရီးသည် ၂၃၉ ဦးဖြင့် ကွာလာလမ်ပူမှ ပေကျင်းသို့ ဦးတည်ပျံသန်းသော MH 370 လေယာဉ်သည် အဆက်အသွယ်ပြတ်တောက်ပြီးနောက် ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ပါတယ်။ 

source - AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။