မန္တလေးက ထိုင်းဇာတ်ကားတွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် တော့ မင်္ဂလာမန္တလေး မှာ ပြုလုပ်ခဲ့တဲ့ Sola Cosmetic Myanmar ရဲ ့တစ်နှစ်ပြည့်စျေးရောင်းပွဲတော်က အမှတ်တရဖြစ်ခဲ့ရမှာပါ ။ ဘာကြောင့်လဲဆိုတော့ ထိုင်းမင်းသား Push ကိုယ်တိုင် တက်ရောက်လာခဲ့လို့ပါပဲ ။ မြန်မာနိုင်ငံကကျော်ကြားတဲ့ အနုပညာရှင်တွေ Beauty Blogger တွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ ဒီပွဲလေးမှာ ထိုင်းမင်းသား Push ကလည်း ပါဝင်အားဖြည့်ပေးခဲ့တာပါ ။

သူ့ရဲ့ ပရိတ်သတ်တွေ အများအပြားလာရောက်ခဲ့တာကို မြင်တဲ့ Push က ဒီနေ့လေးကသူ့အတွက် အမှတ်တရပါပဲလို့ဆိုပြီး ပရိတ်သတ်တွေကိုချစ်ပါတယ်လို့ မြန်မာလိုတောင် ပြောခဲ့ပါသေးတယ် ။ အဆိုပါပွဲအတွက် Push ကို မထက်က မိတ်ကပ်ပြင်ဆင်ပေးခဲ့တာပါ ။ မိတ်ကပ်ပြင်ပေးနေရင်း အမှတ်တရ ဓါတ်ပုံတွေ အများကြီးလဲ ရိုက်ကူးခဲ့ပါတယ် ။ 

" SOLA Cosmetic တနှစ်​ပြည်​့ပွဲတက်​​ရောက်​ဖို့ Push​လေးကို ပြင်​​ပေး​နေတာ ....

အရမ်​းသ​ဘော​ကောင်​းပြီး ​ဖော်​​ရွေတယ်​ သိလား ပြန်​ခါနီးဖက်​ပြီး ​ကျေးဇူးတင်​ပါတယ်​ တဲ့​လေ..... " လို့ မထက်ကဆိုပါတယ် ။

Push ရဲ့ ပရိတ်သတ်တွေကတော့ မထက်နဲ့နေရာတောင်လဲချင်ပါတယ်လို့ ဆိုနေကြပါတယ် ပရိတ်သတ်ကြီးတို့ရေ ... 

သတင်းအရင်းမြစ် Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။