Pond ရဲ့ ပွဲတစ်ပွဲကို တက်ရောက်လာခဲ့တဲ့ ပရိတ်သတ်အချစ်တော်မင်းသမီးလေး ဖွေးစိန်ဟာ မြင်သူတိုင်းငေးမောလောက်စရာပန်းရောင်ပွဲတတ်ဂါဝန်လှလှလေးကို ဆင်မြန်းလာခဲ့ပါတယ် ။ အဲဒီဝတ်စုံလေးနဲ့ ဖွေးဖွေးရဲ့ ပုံရိပ်လေးတွေဟာ အွန်လိုင်းမှာ ပျံနှံသွားပြီးတဲ့နောက် ကမ္ဘာကျော် အဆိုတော် မော်ဒယ် Dua Lipa ရဲ့ ပွဲတတ်ဝတ်စုံနဲ့ ဆင်တူနေတာကို သတိပြုမိတဲ့ ပရိတ်သတ်တွေကစပြီး ဒီဂယက်ဖြစ်လာတာပါ ။ ဒီဇိုင်းတူကူးချတယ်ဆိုတဲ့ ကိစ္စကို ဖွေးဖွေးက

" Dua Lipa ကို တအား အရူးအမိုက်ကြိုက်လွန်းလို့ သူဝတ်တဲ့ပုံလေးကို အမြတ်တနိုးလိုက်ဝတ် ချင်လွန်းလို့ ကို ဝတ်ထားတာပါကွယ် ... သူက ဆိုတော့ .. မြန်မာပဲကျော်တဲ့ အိုင်လေးက သူ့ပရိတ်သတ်မို့ ပါ....ဂျီကျလွန်းလို့ ဆင်တူမှန်းသိရက် သေချာ လုပ်ပေးတဲ့ ကိုဖြိုးကို ကိုလဲ ကျေးဇူးပါလို့ " ရှင်းပြထားခဲ့ပေမယ့် ဝေဖန်မှုတွေကမရပ်တန့်ဘဲ ရှိနေခဲ့တာပါ ။

ဒီ ဝတ်စုံကိစ္စနဲ့ ပါတ်သတ်ပြီး နာမည်ကျော် ဒီဇိုင်းနာပြည်စိုးအောင်က  

" အင်တာလာဗျူးတယ် ဖေ့ဘုတ်ပေါ်မယ်ဂယက်ထနေတဲ့ အင်းကျႋတစ်ထည်အကြောင်း လာမေးတာ၊၊ စဉ်းစားကြည့်လေ မင်းသမီးလဲ အရူးဟုတ်ဖူး ချုပ်တဲ့ဒီဇိုင်နာလဲ အရူးမဟုတ်ဖူး ရည်ရွယ်ချက်ရှိရှိနဲ့ လက်ရှိဟော့နေတဲ့ပုံကို အရောင်တူ ပုံစံတူ တစ်ထည်လုံးတစ်သွေမတိမ်း တမင်တကာလုပ်ပြတာ။ ရော့ကတ်မားကတ်တင်းခေါ်တယ် အဲ့တာကို ဂွမ်းပြီဆိုပြီး ဝမ်းသာနေကြတဲ့သူတွေကို သနားတာ။

ခုဆို မင်းသမီးဘက်တော့ မသိဘူး

ဒီဇိုင်နာဆီ အပ်ထည်နဲ့ သင်တန်းသားတွေပြုံတိုးပြီး နောက်အသုတ်တောင် လူပြည့်ပြီတဲ့။

ကမ္ဘာကျော်ဒီဇိုင်နာကြီးတွေကို အင်တာဗျူဝါတွေက သူတို့ဒီဇိုင်းတွေကို တစ်ကမ္ဘာလုံးကသူတွေထပ်တူပြုကြတာကို

ဘယ်လိုတုန့်ပြန်ချင်ပါသလဲမေးခွန်းကို မုဒိတာစကားနဲ့ ဘယ်လိုပြန်ဖြေသလဲဆိုတာ

ယူကျူ့မှာ ပဝေသဏီထဲက တင်ထားတာတွေ ရှာကြည့်ကြပါလို့၊

မြန်မာပြည်က ဒီဇိုင်နာလောက်ကို ဟိုကတရားစွဲဖို့ဝေးသေး သူတို့ ဂေါင်သူကြီးအချင်းချင်းပဲ စွဲကြပါစေအုံး လို့ အယ်လီဆပ်. ဇူးဟဲမရတ် . မိုက်ကယ်ဆင်ကို အစရှိတဲ့ သူတို့ ဂေါင်တွေအချင်းချင်း

ကိုယ့်ပုံသူခိုး သူ့ပုံကိုယ်ခိုးနေကြတဲ့ဟာကို၊၊ ခုပုံကလဲ ဒီဇိုင်နာ ဗီရာဝမ်း ချုပ်ထားတဲ့ပုံကြီးကို

တုပြီးချုပ်ထားတာလေ သူတို့အရင် ရန်ဖြစ်ကြပါစေ ...လို့။

အပ်ချုပ်သည် ပြောပြော သူခိုးမို့ သူခိုးအချင်းချင်း အားပေးတယ်ပြောပြော

ကိုယ့်ဘက်က ဘာလာလာဒေါင်းပြနိုင်တဲ့ ပညာတွေ အကျွမ်းတဝင်တတ်မြောက်နေဖို့ပဲ လိုတယ်

ကိုယ်ရှာမှ ကိုယ်စားရတာ ကြောက်တတ်ရင်လွဲ ရဲတဲ့သူ မင်းဖြစ်တာ ပါ လို့၊ အရာရာကို copy right ဆိုတာကြီးနဲ့ ထောင်ချမယ်ဆိုရင် တရုပ်နိုင်ငံကြီး ကမ္ဘာပေါ်က ပျောက်ကွယ်သွားတာ

ကြာလှရှိပါပြီလို့၊ အွန်လိုင်းပေါ်ဖြစ်နေကြတဲ့ဟာတွေက အပြင်မှာလက်တွေ့ တကယ်မရှိပါဘူး

အားနေကြလို့ အာချောင်နေကြတာပါလို့ ပြန်ဖြေချပလိုက်တယ်။

သူတို့လဲ သူတို့မှန်တယ်ထင်တာပြောတာ ကိုယ်လဲ ကိုယ်မှန်တယ်ထင်တာပြောတယ်

ကြိုက်ချင်ကြိုက် မကြိုက်ချင် နေကြပေ့စေ။ ဒါပေမယ့် အွန်လိုင်းပေါ် လွှင့်ရင်တော့

အားပေးကြအုံးနော် " လို့ သူရဲ့ လူမှုကွန်ယက်ကတဆင့် ပရိတ်သတ်တွေကိုပြောကြားခဲ့ပါတယ် ။ 

သတင်းအရင်းမြစ် ပြည်စိုးအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။