Bobby soxer လို့အနုပညာအမည်တွင်တဲ့ ထက်ထက်အောင်ဆိုတဲ့ တေးသံရှင်မလေးကတော့ ဒီတစ်ခါမှာလဲ ပရိတ်သတ်တွေ မျက်လုံးပြူးသွားနိုင်လောက်အောင် သူမရဲ့ဖက်ရှင်ကိုအကောင်းဆုံးအနေအထားနဲ့ လူမှုကွန်ယက်မှာချပြခဲ့ပါတယ်။ သူမကတော့ တစ်ကိုယ်တော်တေးအယ်ဘန်လေးလဲထွက်ရှိထားပြီး လက်ရှိအချိန်မှာဆိုရင်တော့ ချစ်သူ လွှမ်းပိုင်နှင့်အတူ High school ဆိုတဲ့ ဖက်ရှင်ဆိုင်လေးတစ်ခုကို ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။  

ယမန်နေ့က လူမှုကွန်ယက်ပေါ်မှာ ပေါ်ထွက်လာတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ မြင်တွေ့နေကြ ထက်ထက်ပုံစံမျိုးမဟုတ်ပဲ ဖြတ်ခနဲကြည့်မယ်ဆိုရင်တခြားသူတစ်ယောက်လို့ထင်မှတ်ရလောက်အောင် ဖက်ရှင်တွေကထူးခြားနေတာပဲဖြစ်ပါတယ်။အနောက်တိုင်းဆန်တဲ့ ဖက်ရှင်နဲ့ rapper မလေးထက်ထက်ရဲ့ပင်ကိုယ်အလှတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပရိတ်သတ်တွေ ဟင်ဒါဘယ်သူလေးလဲလို့ အထင်မှားရလောက်အောင် သူမကတော့ စတိုင်ကျပြီးဆွဲဆောင်မှုပြင်းလွန်းလှပါတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေအပြည့်ရှိနေတဲ့ ထက်ထက်ရဲ့ပုံလေးတွေက အနောက်နိုင်ငံက rapper မလေးတစ်ယောက် မြန်မာပြည်ကိုအလယ်လာပြီး ပုံလေးတွေရိုက်နေသလို အမြင်အာရုံတွေကို ဖမ်းစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဇိုင်း၊ကာလာ ၊ဘာညာအနေအထား ဟာဆိုရင်လည်း ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်း ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။