အရိုးပါးတဲ့ရောဂါကို တော်ရုံနဲ့ သတိမမှုတတ်ကြပါဘူး။ အချိန်လွန်ပြီးဆိုမှ သိကြာတာများပါတယ်။ အရိုးပါးတဲ့အ တွက်အရိုးကျိုးရတာကို သတိထားစေချင်ပါတယ်။တစ်ခုသတိထားရမှာကတော့ အမျိုးသားတွေထက် အမျိုးသမီး တွေကပိုအဖြစ်များတတ်ပါတယ်။ အသက်အရွယ်ကြီးသူတွေကအရိုးကျိုးနိုင်ခြေပို များပါတယ်။ အရိုးပါးရောဂါဟာ အများအားဖြင့် ဆေးလိပ်သောက်ခြင်း၊ ဗီတာမင် ဒီ ချို့တဲ့ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ကဖင်းဓာတ်ကို အ လွန်အကျွံသောက်ခြင်း၊

ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုလျော့နေခြင်း၊အမျိုးသမီးတွေအနေနဲ့ ရာသီသွေးဆုံးမှု အချိန်စောပြီးခြင်း၊ ရာသီသွေးပေါ်တဲ့အချိန် နောက်ကျခြင်း၊ လေ့ကျင့်ခန်းလှုပ်ရှားမှုနည်းခြင်း၊ဆေး ဝါးတစ်ခုခုကိုအမြဲ စွဲသောက်နေရခြင်း၊ အီစထရိုဂျင် ဟော်မုန်းပမာဏနည်းပါးခြင်း၊ပါရာသိုင်းရွိုက် ဟော်မုန်းထုတ် လုပ်မှုလွန်ကဲခြင်း၊ တို့ဖြစ်တတ်ကြပါတယ်။ အာရှ၊ဥရောပမြောက်ပိုင်း၊ အသားရောင်ဖြူဖျော့သူများ၊ အစာအိမ်ခွဲ စိတ်ဖြတ်တောက်ထားရသူများ ကလေးမမွေးဖူးသောအမျိုးသမီးများ ၊လှုပ်ရှားမှုအားနည်းတဲ့ အမျိုးသမီးများ သတိ ထားရမှာဖြစ်ပါတယ်။

အရိုးသိပ်သည်းဆတိုးတာခြင်းကို သေချာစမ်းသပ်ခြင်းပြုလုပ်သင့်ပါတယ်။ လူအများအသုံးပြုစမ်းသပ်ပြုလုပ်ခြင်း ကတော့Dual-emission X-ray absorptiometry (DEXA) Scan တင်ပါးဆုံရိုးနှင့် ခါးဆစ်ရိုး စမ်းသပ်တိုင်းတာခြင်း တို့်ပြုလုပ်သင့်ပါတယ်။အမျိုးသမီးများအနေဖြင့် အရိုးပါးရောဂါဖြစ်နိုင်ခြေရှိလားမရှိဘူးလားဆိုတာကို စမ်းသပ်ကြည့် နိုင်ပါတယ်။အားလုံးပဲကျန်းမာရွင်လန်းကြပါစေနော်။ 

Source : မောင်(ဆေးတက္ကသိုလ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။