မင်းသမီးလေး ယုသန္တာတင်ကိုတော့ မြန်မာဆန်ဆန်ရိုးရှင်းတဲ့အလှအပလေးတွေကြောင့် ပရိတ်သတ်ကြီၤးတွေချစ်ကြမယ်လို့ထင်ပါတယ်။ ကာလာစုံလိပ်ပြာလေးတွေပေါများနေတဲ့ သူမတို့အနုပညာအသိုင်းအဝိုင်းထဲမှာ သူမက လှပလွန်းကာ အိနြေ္ဒရှိလှတဲ့ မြန်မာဝတ်စုံလေးများကို နှစ်သက်စွာဝတ်ဆင်တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ 

တစ်ခါတစ်လေမှာတော့ ယုသန္တာတင်လေးဟာ အလန်းလွန်အလွန်လန်းနေတတ်ပါတယ် ပရိတ်သတ်ကြီးတို့ရယ်။ ယမန်နေ့ကတော့ ယုသန္တာတင်တစ်ယောက် ငယ်သူငယ်ချင်းရဲ့မင်္ဂလာဆောင်ပွဲမှာ ခရမ်းရောင် Evening Grown လေးနဲ့ မြင်သူတိုင်းသမင်လည်ပြန်ငေးရအောင် ဆွဲဆောင်မှုရှိရှိလှပလွန်းနေပါတယ်။ 

အနုပညာလောကထဲမှာ အမျိုးသမီးသရုပ်ဆောင် ရှားပါးမှုကြောင့် မျက်နှာသစ် သရုပ်ဆော င်များကို မွေးထုတ်ပေးခဲ့တဲ့ အနုပညာပျိုးခင်း ဆိုတဲ့ အစီအစဉ်လေးမှာ သူမ လည်း ပါဝင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ယခုအချိန်မှာတော့ ပရိတ်သတ်တွေအခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်နေပါပြီ။ အနုပညာလောကထဲဝင်လာကတည်းကစပြီးအားပေးလာတဲ့ ပရိတ်သတ်ကြီးတို့လည်း ရှေ့လျှောက်ရမယ့်အနုပညာလမ်းတစ်လျှောက်မှာလည်း ဆက်လက်အားပေးကြပါအုံးနော်။

source - yu thandar tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။