မတ်လ(၄)ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပရိသတ်အချစ်တော် စန္ဒီမြင့်လွင် (ဒီဒီး) တို့စုံတွဲကတော့ လက်တလော လူမှုကွန်ရက်မှာ ပရိသတ်တွေရဲ့စိတ်အာရုံကိုဖမ်းစားထားနိုင်သူတွေဖြစ်ပါတယ်။

Prewedding ဓာတ်ပုံလှလှလေးတွေကြောင့် ပရိသတ်တွေအားကျနေရတဲ့ ဒီဒီးတို့စုံတွဲဟာ မနေ့က Acid အဖွဲ့ဝင်ဟောင်း အဆိုတော်အနဂ္ဂ တို့ နေအိမ်ကို အလည်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီဒီးတစ်ယောက် အနဂ္ဂ နဲ့ သံသာဝင်း တို့ရဲ့ သမီးဦးလေးကို ပွေ့ချီခဲ့ရင်း အရမ်းပျော်နေခဲ့ပုံပါပဲ။သူတို့စုံတွဲရဲ့ ကလေးချစ်တတ်ပုံကတော့ ဓာတ်ပုံလေးကြည့်လိုက်တာနဲ့ သိသာပါတယ်။

အဆိုတော်အနဂ္ဂ နဲ့ သံသာဝင်းတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တစ်လျှောက်မှာ ပထမဆုံးသမီးဦးလေးဖြစ်တာမို့ အချစ်ပိုနေရသလို အနုပညာအသိုင်းဝိုင်းနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေးကို အသဲယားနေတဲ့ ဒီဒီးတို့စုံတွဲကတော့ မင်္ဂလာပွဲတွေစီစဉ်ရင်းနဲ့ ပျော်နေပုံရတာမို့ ကြည်နူးစရာကောင်းပါတယ်။

ပရိသတ်ကြီးရော သူတို့စုံတွဲလေးကို အားကျနေပြီလား

Source:SandiMyintlwin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။