ပရိသတ်အချစ်တော် သရုပ်ဆောင် အဆိုတော်မင်းသမီးချောလေး ချစ်သုဝေကတော့ သရုပ်ဆောင်ရာမှာ ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ပြီး သီချင်းဆိုရာတွင်လည်း ပြောစရာမရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမိသားစု ဘဝလေးတစ်ခုကို တည်ဆောက်နေပြီး ပျော်ရွှင်စရာမိသားစု ဘဝကိုပုံဖော်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းနှင့်အတူ ချစ်စရာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

ချစ်သုဝေကတော့ လက်ရှိအနုပညာလောကမှ ရပ်နားထားသူတစ်ယာက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှု ချစ်ခင်မှုတွေများစွာ ရရှိနေသေးသူတစ်ယောက်လည်း ဖြစ်ကြောင်း သိရပါတယ်။ ချစ်သုဝေကတော့ သူမရဲ့ လူမှုစာမျက်နှာပေါ်တွင် ချစ်သမီးလေး ခေတ်နဲ့သစ်ကို ဘဝတစ်ခုလုံးထပ်ပိုချစ်ကြောင်း ပြောပြထားတာပဲဖြစ်ပါတယ်။ ချစ်သုဝေရဲ့စာသားလေးကတော့ " အခု..everything is all about them " ဟူ၍ပြောပြထားတာပဲဖြစ်ပါတယ်။  

မိဘတစ်ယောက်ရဲ့ သားသမီးအပေါ်ချစ်ခင်မှုဟာ အခြားသူတွေထက်ပိုတယ်ဆိုတာကို ချစ်သုဝေကတော့ ပြသခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မိသားစုတစ်စုရဲ့ မိဘမေတ္တာကို အပြည့်အဝပေးစွမ်းနေတဲ့ လင်းလင်း နှင့် ချစ်သုဝေတို့ရဲ့ မိသားစုလေးအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

Source - Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။