တောင်ဝင်ရိုးစွန်းဒေသ အရှေ့ပိုင်းဒေသ ဒိန်းဂျားကျွန်းမှာတော့ ပင်ဂွင်ဌက် ၁ သန်းခွဲကျော်ကို ထူးဆန်းဖွယ်တွေ့ရှိခဲ့ပါတယ်။

တောင်ဝင်ရိုးစွန်း အနောက်ဘက်ခြမ်းမှာတော့ ပင်ဂွင်ဌက်အရေအတွက်ကတော့ သိသိသာသာကျဆင်းခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ကမ္ဘာကြီးပူနွေးလာပြီး ရေခဲပြင်များ အရည်ပျော်လာခြင်းကြောင့် ဖြစ်ပါတယ်။

ယခုတွေ့ရှိခဲ့သော ပင်ဂွင်များကို ပထမအကြိမ် ကောင်ရေ စစ်တမ်းကောက်ယူအပြီးတွင်မူ အဆိုပါ ကျွန်းစုများတွင် Adelie ပင်ဂွင် စုံတွဲပေါင်း ၇၅၀,၀၀၀ ကျော် နေထိုင်နေကြသည်ကို တွေ့ရပြီး ယင်းကောင်ရေပမာဏမှာ အခြားသော တောင်ဝင်ရိုးစွန်းဒေသ ကျွန်းစုဒေသများတွင် ရှိနေသော ကောင်ရေစုစုပေါင်းထက်ပင် ပိုမိုများပြားနေကြောင်း အဆိုပါ သိပ္ပံပညာရှင်အုပ်စုက ပြောပါတယ်။ 

" ခုလို ဒီကျွန်းတွေမှာ ဒီလောက်များတဲ့ ပင်ဂွင်တွေ တွေ့ရတာကိုက တော်တော်လေးကို အံ့အားသင့်စရာကောင်းပါတယ်၊ ခုလို တွေ့ပြီးတဲ့နောက်မှာတော့ ဒီဒေသတွေကို ဘယ်လိုထိန်းသိမ်းရမလဲ စဉ်းစားသွားရပါတော့မယ်" ဆိုပြီး အဆိုပါ သိပ္ပံပညာရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဟယ်သာ လင့်ချ်က ပြောပါတယ်။

" ဒီ ဧရိယာက များသောအားဖြင့် တစ်နှစ်ပတ်လုံး ရေခဲတွေနဲ့ ဖုံးလွှမ်းနေတဲ့ နေရာပါ၊ နွေရာသီလို အချိန်မျိုးမှာတော့ ဒီဒေသမှာ ခုလို လာပြီးစစ်တမ်းကောက်ဖို့က တော်တော်လေးခက်ပါတယ်၊ ခုလို ပင်ဂွင်တွေ အများကြီးတွေ့ရလို့လဲ အံ့သြမိပါတယ်၊ ဒီကျွန်းတွေမှာ ဒီလောက်ရှိလိမ့်မယ်လို့ အရင်က မသိခဲ့ပါဘူး" ဆိုပြီး သူမက ထပ်လောင်းပြောသွားပါတယ်။

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။