လူကြီးအများစုကတော့ ဆားခါးရဲ့ အကျိုးကျေးဇူးများကို သိရှိကြသော်လည်း လူလတ်ပိုင်းနှင့် လူငယ် အများစုကတော့ ဆားခါးရဲ့ အသုံးဝင်ပုံများကို လျစ်လျူရှုနေတတ်ကြပါတယ်။ ဆားခါးကို ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ အသုံးဝင်တယ်ဆိုရင် ယုံကြည်လိုက်ပါ။ ဒါ့ကြောင့် အခုဖော်ပြချင်တဲ့ အကြောင်းအရာကတော့ ဆားခါးရဲ့ အသုံးဝင်ပုံများနှင့် ဆားခါးကို အိမ်တိုင်းမှာ ဆောင်ထားသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ 

(၁) အညောင်းပြေစေခြင်း

ရေခပ်နွေးနွေးထဲမှာ ဆားခါး တစ်ဇွန်းလောက်ထည့်ပြီး ခြေထောက်ကို ခြေမျက်စိမြုပ်တဲ့အထိစိမ်ပေး ပြီး ခြေထောက်ချင်းနှိပ်နယ်ပေးမယ်ဆိုရင် တစ်နေ့တာလုံးပင်ပန်းထားတာကို ပြေလျော့စေမှာဖြစ်ပါတယ်။ ခြေထောက်ကို သန့်စင်စေတဲ့အပြင် ခြေထောက်အရေပြားပေါ်ကဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။

(၂) အစာကြေစေနိုင်ခြင်း

ဆားခါးကိုမနက်ခင်းတိုင်းအရည်ဖျော်ပြီး သောက်သုံးပေးတာက အစာခြေဖျက်နိုင်စွမ်းကိုတိုးတက်စေနိုင်ပြီး အစာချေလမ်း ကြောင်းတစ်လျှောက်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုုင်ပါတယ်။

(၃) သည်းခြေကျောက်ကို ဖယ်ရှားပေးနိုင်ခြင်း

ဆားခါးကအဆိပ်အတောက်ကို ပြေစေနိုင်ပါတယ်။ ဆံချည်မျှင်သွေးကြောလေးတွေကို ပွင့်စေနိုင်စွမ်း ရှိတာကြောင့်သည်း ခြေကျောက်တွေကို ဖယ်ရှားပေးနိုုင်စွမ်းရှိပါတယ်။

(၄) ကြွက်သားနာတာကို သက်သာစေနိုုင်ခြင်း

ဆားခါးက အရေပြားပေါ်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်သလို ဆားခါးရည်စိမ်ပေးမယ်ဆိုရင် ကြွက်သားတွေ နာကျင်တာနဲ့ တောင့်တင်းတာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

(၅) စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်ခြင်း

ဆားခါးနဲ့ ရေချိုးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့မဂ္ဂနီဆီ ယမ်ဓာတ်ကိုရရှိစေနိုင်တဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေလျော့စေနိုင်ပြီး စိတ်ဖိစီးမှုကိုလည်းသက်သာ စေနိုင်ပါတယ်။ ဆားခါးနဲ့ ရေစိမ်ချိုးတာက စိတ်ခံစားမှုကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အနားရစေနိုင်ပါတယ်။

(၆) သွေးလှည့်ပတ်မှုကို တိုးစေခြင်း

မဂ္ဂနီဆီယမ်လုံလောက်စွာရရှိမှုက သွေးလှည့်ပတ်မှုကိုတိုးစေနိုုင်ပြီး သွေးတိုးကျစေနိုင်တာကြောင့် နှလုံးကိုကျန်းမာစေနိုင်ပါ တယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်အသုံးချနိုင်စွမ်းကိုတိုးစေနိုင်သလို သွေးတွင်းကယ်လ်ဆီယမ်ပမာဏကိုထိန်းပေးရာမှာလည်း အထောက်အကူပြုပေးနိုင်ပါတယ်။

(၇) လိပ်ခေါင်းအတွက် အသုံးပြုနိုင်ခြင်း

ရေအနည်းငယ်နှင့် ဆားခါးကို ရောစပ်ပြီး ဂွမ်းစနှစ်ပြီး ရေပြန်ညှစ်ပေးပါ။ ထို့နောက် လိပ်ခေါင်းကို မကြာခဏ အုံပေးထားပါ။ လိပ်ခေါင်းသေးလျှင် ပျောက်သွားနိုင်ပြီး လိပ်ခေါင်းကြီးလျှင် သေးသွားနိုင်ပါတယ်။ 

ဖော်ပြပါ အချက်များအပြင် ဆားခါးကို ဆံသား၊ အရေပြားများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ပုံမှန် သုံးနေကျ ခေါင်းလျှော်ရည်၊ essential oil ၊ မျက်နှာသစ်ဆေး စတာတွေနဲ့ တွဲဖက်ပြီးတော့ သုံးစွဲမယ်ဆိုရင် အလှအပရေးရာအတွက် ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ အားလုံးပဲ ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။