ခုခေတ်အနေထားအရ အိမ်ထောင်တစ်ခုပြုပြီးဆိုရင်တော သားသမီးရတနာယူဖို့ကိစ္စက နောက်မှယူဖို့ ဆွေးနွေးတတ်ကြပါတယ်။ အရင်စီးပွားရှာပြီးမှ သားသမီးယူမယ်ဆိုပြီး အစီစဉ်ဆွဲတတ်ကြပါတယ်။ ဒါကြောင့်သန္ဓေတားဆေးတွေ သောက်ကြပါတယ်။တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း သန္ဓေတားဆေး အလွန်အကျွံအသုံးပြုမိပြီးဆိုရင်တော့ အမျိုးသမီးများအနေဖြင့် နှလုံးသွေးကြောဆိုင်ရာ ပြသာနာများ ဖြစ်နိုင်ပြီး အန္တရယ်ဖြစ်နိုင်ပြီး သွေးပျစ်ခဲလာနိုင်ခြေများကြောင်း သတိပေးထားပါတယ်။ 

သန္ဓေတားဆေးအလွန်အကျွံအသုံးပြုမှု ကြောင့်ကိုယ်ခံအားပြောင်းလဲခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ဖြစ်စေ တတ်ကြောင်း ဆေးပညာရှင်တွေကဆိုထားပါတယ်။ ဒါနဲ့ဆက်စပ်ပြီး အမျိုးသမီးများ၏ ရာသီစက် ဝန်းမှုမမှန်ဖြစ်ကာ အချိန်မတိုင်မီ ဓမ္မတာလာခြင်း၊ သွေးဆင်းမှုများခြင်း၊ နာကျင်ခြင်းကိုခံစားရတတ်ပါတယ်။ တားဆေးသောက်တာများခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးပြီး ရင်သားပျော့တွဲခြင်း၊ အရေပြားဓာတ်မ တည့်ခြင်းများခံစားရတတ်ပါတယ်။

ဒါပေမဲ့ အမျိုးသမီးတိုင်းတော့မဟုတ်ပါဘူး ။သန္ဓေတားဆေးသောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့လက္ခဏာ များက ဘေးပတ်ဝန်ကျင်အခြေအနေ ၊ကိုယ်အလေးချိန်၊ အသက်အရွယ် တို့ကလည်း သန္ဓေတားဆေး သောက်သုံး မှုကို အဆုံးအဖြတ်ပေးရာမှာ အဓိကကျတဲ့အချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အရာမဆိုသတိလေးထားပြီးတော့ သုံးစွဲရင် အကောင်းဆုံးဖြစ်ပါတယ်နော်။ အားလုံးပဲကျန်းမာ ရွင်လန်းကြပါစေနော်။ 

Source : မြဝတီကျန်းမာရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။