ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေများစွာရရှိထားတဲ့ အဆိုတော်သရုပ်ဆောင် မိုင်လေဆိုင်းရပ်စ် ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အားလုံးရဲ့ စိတ်ဝင်စားမှုတွေရရှိထားတဲ့ဆယ်လီတစ်ဦးဖြစ်ပါတယ်။

အနေအထိုင်ပွင့်လင်းသွက်လက်ပြီး အဝတ်အစားဝတ်ရင် ဟော့လွန်းတာကြောင့် ပါပါရာဇီတွေရဲ့ မျက်စိကျခြင်းခံရသူလေးဖြစ်ပါတယ်။

ကမ္ဘာကျော်ဟောလိဝုဒ်အနုပညာရှင်များစွာတက်ရောက်တဲ့ အော်စကာဆုပေးပွဲပါတီကို အဆိုတော် မိုင်လေးဆိုင်းရပ်စ် နဲ့ မင်းသားချော လီယမ်ဟမ်းစ်ဝပ် တို့ ချစ်သူနှစ်ဦးကလည်း အတူတူပွဲတက်ခဲ့တာဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ West Hollywood မှာ ပြုလုပ်တဲ့ Elton John AIDS Foundation Academy Awards Viewing Party ကို နှစ်ယောက်သားအတူတူ ကြည်ကြည်နူးနူးပွဲတက်ခဲ့တာကိုတွေ့ရပါတယ်။

ချစ်စရာကောင်းပြီးလိုက်ဖက်ညီတဲ့ သူတို့စုံတွဲဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုကိုယ်စီရရှိနေတဲ့ ဆယ်လီတွေဖြစ်တာမို့ ပရိသတ်တွေရဲ့ စိတ်အာရုံကိုဖမ်းစားထားနိုင်သူတွေဖြစ်ပါတယ်။

စေ့စပ်ထားကြတဲ့ သူတို့နှစ်ဦးဟာ အမြဲလိုလို ဒိတ်လုပ်လေ့ရှိပြီး နှစ်ယောက်သားအချစ်တွေပိုနေကြတာဖြစ်ပါတယ်။

Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။