ပရိတ်သတ်ကြီးတို့ရယ် တက်ကြွလန်းဆန်းမှုတွေနဲ့အမြဲနုပျိုနေတဲ့မဂွမ်းကို ချစ်ကြမယ်ထင်ပါတယ်။ မြန်မာ့အနုပညာလောကထဲမှ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး ကြည့်ရှုသူပရိတ်သတ်တွေရင်ထဲ အပျော်တွေတိုးစေရန် ဟာသဇာတ်ရုပ်တွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်စွမ်းရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

ဟန်ပန်အမှုအရာတွေကင်းမဲ့တဲ့ သဘာဝမင်းသမီးတစ်လက်ဖြစ်တဲ့ မဂွမ်းကတော့ ပရိတ်သတ်တင်မက အနုပညာလောကထဲမှာပါ အများတကာရဲ့အချစ်တွေကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဒီနေ့မှာတော့ သရုပ်ဆောင်မဂွမ်းတစ်ယောက် ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ "ပင်လယ်ရီသံ"ရုပ်ရှင်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ရန် ချောင်းသာကိုရောက်ရှိလို့နေပါတယ်။

မဂွမ်းရဲ့ ခင်ပွန်းသည်ဟာဆိုရင်လည်း တကယ့်ကိုပါရမီဖြည့်ဘက်ကောင်းတစ်ဦးဖြစ်ပါတယ်။ ဒီနေ့မှာတော့ သရုပ်ဆောင်မဂွမ်းရဲ့ ချောင်းသာမှာဇာတ်ကားရိုက်ကူးနေတဲ့ ပုံရိပ်လေးတွေကိုပရိတ်သတ်ကြီးတို့ဆီ မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

source - goon pon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။