အဆိုတော် လွှမ်းပိုင်အတွက် သူ့ရဲ့ ပရိသတ်တွေက မွေးနေ့ Surprise အလှူလေး ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်..။

မွေးနေ့အလှူအဖြစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းမှာ မွေးနေ့အလှူလေး ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ မတ်လ(၁)ရက်နေ့က ကျရောက်ခဲ့တဲ့ လွှမ်းပိုင်ရဲ့ မွေးနေ့အတွက် မတ်လ(၄)ရက်နေ့မှာ မွေးနေ့အလှူအဖြစ် ရွှေပြည်သာမြို့နယ် နဝရတ်ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ နေ့ဆွမ်းအာဟာရဒါန လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ထို့ပြင် ကလေးငယ်များနဲ့ ကိုရင်ငယ်လေးများအတွက်လည်း မုန့်များကို ပေးဝေလှူဒါန်းခဲ့တာလည်း တွေ့ရပါသေးတယ်..။

မွေးနေ့အလှူလေးကိုတော့ လွှမ်းပိုင်မသိအောင် Surprise ပြုလုပ်ပေးခဲ့တာဖြစ်ပြီး အဆိုတော်လွှမ်းပိုင်ကတော့ သူ့ရဲ့ ပရိသတ်တွေကြောင့် အရမ်းပျော်နေတဲ့ အကြောင်းလေးကိုလည်း လွှမ်းပိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်..။

ထိုမွေးနေ့အလှူလေးကိုတော့ လွှမ်းပိုင်တို့စုံတွဲလေးနဲ့အတူ သူ့ရဲ့ ပရိသတ်တွေလည်း တတ်ရောက်ခဲ့ပြီး လိုက်ဖက်ညီစွာ အကျႌအဖြူ ဆင်တူလေးကို ဝတ်ဆင်ထားတဲ့ သူတို့စုံတွဲလေးကတော့ စိတ်အေးချမ်းစရာကောင်းနေတာ တွေ့ရပါတယ်..။

ဒီနေ့လေးမှာတော့ အဆိုတော် လွှမ်းပိုင်အတွက် သူ့ရဲ့ ပရိသတ်တွေလုပ်ပေးတဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source - လွှမ်းပိုင် fb

Photo - Moe Htet Aung (MH creation), Zaw Min Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။