ဖရဲသီးက ကျန်းမာရေးအတွက် ကောင်းကျိုးများမှန်း လူတိုင်းနီးပါ သိဖူးကြပါတယ်။ ဖရဲသီးလိုပဲ ဖရဲသီးအစေ့ကလည်း ကျန်းမာရေးအတွက် အသုံးဝင်လှပပါတယ်။ ဒါ့ကြောင့် အခုဖော်ပြချင်မယ့် အကြောင်းအရာလေးကတော့ ဖရဲသီးစေ့ကို ဆေးဖက်ဝင်အောင် ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။ ဖရဲသီး အစေ့မှာ Fatty Acids ၊ ပရိုတင်းဓာတ်၊ သတ္တုဓာတ် များစွာ ပါဝင်ပြီး ဗီတာမင်ဘီ၊ ဖောလိတ်၊ မက်ကနီဆီယမ်၊ ပိုတက်ဆီယမ်၊ မက်ဂနိ၊ သံဓာတ်၊ ဇင့်နဲ့ အခြား သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။

ဖရဲသီးစေ့ကို ဆေးဖက်ဝင်အောင် ပြုလုပ်ပုံ အဆင့်ဆင့်

ဖရဲသီးစေ့ ၃၀-၄၀ စေ့ လောက် ယူပါ။ ဖရဲသီးစိပ်ပြီးတာနဲ့ အစေ့တွေကို ထုတ်ထားလို့ ရပါတယ်။ ယူထားတဲ့ အစေ့တွေကို ရေဆေးပြီး ရေ ၂လီတာ (ရေသန့်ဘူး၂ဘူး) ထည့်ပြီး ဆူအောင် တည်ပါ။ ရေဆူလာရင် သောက်သုံးလို့ ရပါပြီ။ ဒီနည်းအတိုင်း ၂ရက်သောက် တစ်ရက်နားနဲ့ ၂ပတ်ခန့်သောက်ပေးပါ။

နောက်တစ်မျိုးကတော့ ဖရဲစေ့ကို အခြောက်လှမ်း အမှုန့်လုပ်ပြီး ရေနွေးကြမ်းတွင် လက်ဖက်ခြောက် ခတ်သောက်သလို သောက်လို့လည်း ရပါတယ်။ ထိုနည်းကိုလည်း အထက်ပါအတိုင်း ၂ရက်သောက် တစ်ရက်နားပြီး သောက်လို့ ရပါတယ်။ 

ဖရဲသီးစေ့ကို ရေနွေးအဖြစ် သောက်သုံးခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

- နှလုံးကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်။

- အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်ပါတယ်။

- ဝက်ခြံကို ပျောက်စေပါတယ်။

- ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။

- အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။

- အသားအရေကို စိုပြေစေနိုင်ပါတယ်။

- ဆီးချိုကို ထိန်းပေးနိုင်ပါတယ်။

- Citrulline က သွေးကြောများ လုပ်ငန်းပုံမှန်ဆောင်ရွက်ရန်အတွက် အထောက်အကူ ဖြစ်စေပါတယ်။

- အစာအိမ် အူလမ်းကြောင်း ကျန်းမာရေး၊ ရောင်းရမ်းမှုအမျိုးမျိုး၊ အသားဝါရောဂါ၊ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။

- ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်း အစရှိတဲ့ ရောဂါတွေကို ကောင်းမွန်စေနိုင်ပါတယ်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။