ဥယျာဉ်မှူးလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသားလေးကျော်ဆုကိုရော သတိရရဲ့လား ပရိသတ်ကြီးရေ ။

တခြားသောအနုပညာရှင်တွေလို Facebook ပေါ်မှာ မြင်တွေ့ရခဲသလို အနေအေးကာ အေးဆေးနေတက်သူမို့ သူရဲ့ပုံကလေးတွေကတော့ ရှားပါးပုံကလေးတွေပါ ။

အမြဲတမ်းဓာတ်ပုံရိုက်တဲ့အခါတိုင်း ခပ်တည်တည်ပဲနေတက်ပြီး အရယ်အပြုံးသိပ်မရှိတဲ့ သူ့ကို ပရိသတ်တွေကတော့ တခါတလေလေးပြုံပြီးရိုက်ကြည့်ပါလို့တောင် တောင်းဆိုရ တဲ့အထိပါ။

ဇာတ်လမ်းတွဲလေးကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ ဒီမင်းသားလေးနဲ့ စိမ်းနေမယ်မထင်ပါဘူး ။

ရိုက်ကူးနေဆဲဖြစ်တဲ့ “ ပျော်ရွှင်ခြင်း ဝိယျာဉ်” ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာတော့ ရဲနောင်အဖြစ် မင်းသမီးလေး ဝင့်ယမုံလှိုင် နဲ့အတူတွဲဖက်ကာ မြင်တွေ့ရတော့မှာပါ။

“ ချစ်သူထွင်းတဲ့ အက္ခရာ” မှာကတည်းက အတွဲညီခဲ့တဲ့ သူတို့နှစ်ယောက်က နောက်ထပ် ရော ဘယ်လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ရုပ်တွေနဲ့အတူ ပြန်လာအုံးမ လဲဆိုတာတော့ တူတူစောင့်ကြည့်ရအောင်နော် ။

အေးဆေးတည်ငြိမ်တဲ့ပုံစံလေးနဲ့လေး သန့်ခန့်နေတဲ့ မင်းသားချောလေးရဲ့ ပုံကလေးတွေ ကိုလည်း Myanmar Load ကပရိသတ်တွေအတွက် စုစည်းပေးလိုက်ပါတယ်နော် ။

Source – Kyaw Su FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။