အကယ်ဒမီ အိန္ဒြာကျော်ဇင် ပြောတဲ့ သူမရဲ့ ဖက်ရှင်

မြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးဖြစ်တဲ့ အကယ်ဒမီ အူဝဲကတော့ Update ဖြစ်တာထက် သူမနဲ့လိုက်ဖက်မည့် ဖက်ရှင်မျိုးကိုသာ ရွေးချယ်ဝတ်ဆင်လေ့ ရှိပါတယ်တဲ့ ပရိသတ်ကြီးရေ……

မော်ဒယ်လ်လောကကနေ အနုပညာလောကထဲသို့ စတင် ဝင်ရောက်လာပြီး ယနေ့အချိန်အထိ ပရိသတ်အချစ်တော်ဖြစ်နေသူလေးကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်။ အကယ်ဒမီပြေတီဦးနှင့် လက်ထပ်ခဲ့ပြီး သားသမီးနှစ်ယောက်နဲ့အတူ အများကအားကျရတဲ့ မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီး ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ သူမကို်ယ်တိုင် ခေတ်ပေါ်နာမည်ကြီးမင်းသမီးတွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေကြားလည်း အရမ်းကို ဟော့ဖြစ်နေပါတယ်။ ကလေးနှစ်ယောက်မိခင်ဖြစ်နေပေမယ့် ယခုအချိန်ထိလှနေဆဲ သူမရဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်ပြီး………

"Fashion ပိုင်းနဲ့ပတ်သတ်ပြီးတော့ကျ အမရဲ့ အမမအိကျော်ဇင်က အကုန်လုံးတာဝန်ယူပေးတယ်။ ပွဲရှိတယ်ဆိုရင်လည်း သူဘယ်လိုပုံစံဆင်မယ် ရုပ်ရှင်ကားဆိုလည်း သူဘယ်လိုပုံစံဆင်မယ် ဘယ်လိုကာရိုက်တာဆို ဘယ်လိုဆင်မယ်ပေါ့။ အဲ့တော့ အခုကျ ကိုယ်ကသက်သာတယ်ပြောရမှာပေါ့။ အမကပဲ အကုန်လုံးစီစဉ်ပေးတော့ သိပ်ခေါင်းစားစရာမလိုတော့ဘူး။ သူနဲ့ကိုယ်နဲ့ ညှိနှိုင်းပြီးတော့ ဝတ်ဖြစ်တယ်။ ဒါပေမဲ့ အမ အမက အရမ်း uptodate ဖြစ်တာကို အရမ်းသဘောကျတယ်။ အမလည်း သဘောတော့ကျတယ်။ ဒါပေမဲ့ update ဖြစ်တိုင်းလည်း ကိုယ်နဲ့လိုက်မှ ဝတ်တယ်။ ကိုယ်နဲ့ မလိုက်တာမျိုးဆို မဝတ်ဘူးပေါ့နော်။ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ဟာမျိုးလေးတွေကိုပဲ ရွေးချယ်ပြီး ဝတ်ဖြစ်ပါတယ်" ဆိုပြီး သူမရဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံနဲ့ပတ်သတ်ပြီး ပြောပြသွားခဲ့ပါတယ်………

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။