ပရိသတ်အချစ်တော်အဆိုတော်ပေါက်စလေး သားငယ်ကိုတော့ပရိသတ်ကြီး ချစ်ကြမှာပါ။ Myanmar Idol Season 2 ရဲ့ Winner ဆုရှင် တစ်ဦးဖြစ်ပြီးလက်ရှိ တစ်ကိုယ်တော် တေးစီးရီးကို ထုတ်ပြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးမီကထွက်ရှိခဲ့ " လမ်းကလေး " တေးစီးကိုပရိသတ်များစွာက အားပေးနှစ်ကြိုက်ခဲ့တာတွေ့ရပါတယ်။ 

လက်ရှိ အကောင်းဆုံးတေးစီးရီးအခွေတွေရဲ့ စတုတ္ထမြောက်နေရာကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒီကနေ့ သားငယ်ကတော့ ချစ်ဇနီးလေးနှင့်အတူ အိမ်မှာပဲ ပျော်ရွှင်နေကြောင်းကို သိရပါတယ်။ အသံကောင်းပြီး စိတ်ထားဖြူစင်တဲ့ ရခိုင်သားလေး သားငယ်ကတော့ ရခိုင်ရိုးရာ ရခိုင်မုန့်တီကို ကြိုက်နှစ်သက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

ဒီကနေ့ နံနက်မှာပဲ ချစ်ဇနီးလေးချက်ကျွေးတဲ့ ရခိုင်မုန့်တီကို စားသောက်နေပြီး ချစ်ဇနီးနှင့်အတူ အပျော်တွေ ကုန်ဆုံးခဲ့ကြကြောင်း သိရပါတယ်။ချစ်ပရိသတ်များအတွက် ဒီကနေ့ စားသောက်ခဲ့တဲ့ သားငယ်တို့ လင်မယားနှစ်ယောက်ရဲ့ ဓာတ်ပုံများနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Source - Zaw Win Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။