နာမည်ကျော် Beauty blogger တစ်ဦးဖြစ်တဲ့ ချီချီလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် နေခြည်ဦးကတော့ စွဲမက်ဖွယ် အမြင်ဆန်းလေးတစ်မျိုးနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်..။
ပန်းပွင့်ဖက်ပုံလေးတွေနဲ့ ဖန်တီးချုပ်လုပ်ထားတဲ့ ပန်းရောင်ဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီစွာ အရမ်းကိုလှနေတဲ့ ချီချီလေးတော့ ချစ်စဖွယ် ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်..။
EMPRESS LACE & FABRICS GALLERY အတွက် ကြော်ငြာရိုက်ကူးပေးထားတာ ဖြစ်ပြီး ဆာကူရာမင်းသမီးလေးလို့ အရမ်းလှပြီး ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။
“ဆာကူရာ မင်းသမီးလေးလို့ တင်စားရလောက်အောင် ဝတ်စုံလေးက တကယ်လှပါတယ်.. အရမ်းကြိုက်..” ဆိုပြီး သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။
ချီချီကတော့ Beauty blogger အဖြစ် အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသလို သရုပ်ဆောင် အနုပညာလမ်းကြောင်းကို ဝင်ရောက်လာပြီး ဓာတ်ပုံမဂ္ဂဇင်း ကြော်ငြာများနဲ့ MTV များအပြင် ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်..။
လတ်တလောမှာလည်း မင်းသမီးချောလေး ဝတ်မှုံရွှေရည်၊ နေမင်းတို့နဲ့အတူ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်..။
Photo - နေခြည်ဦး fb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။