မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းဟာ အာဆင်နယ်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ ရလဒ်ဆိုးတွေ ကြုံတွေ့နေခဲ့ရတာဖြစ်ပြီး လေးပွဲဆက် ရှုံးပွဲတွေ့ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ယခုရှုံးပွဲကြောင့် ရမှတ် ၄၅ မှတ် နဲ့ အဆင့် ၆ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ဘရိုက်တန်အသင်းကတော့ ရမှတ် ၃၄ မှတ် ရယူထားပြီး အဆင့် ၁၀ ကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ဘရိုက်တန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာရေး၊ ဂရော့၊ ပရော့ပါ၊ စတင်ပန်၊ အစ်ကွာရယ်ဒို၊ နော့ကာရက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အော်ဘာမီယန်၊ အီဝိုဘီ၊ အိုဇေလ်း၊ အမ်ခီတာယန်၊ ဇာခါ၊ ဝီရိုှင်းယား တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဖိအားတွေအောက်ရောက်ရှိနေခဲ့ပြီး နည်းပြ အာစင်ဝင်းဂါးကို အသင်းကထုတ်ပယ်ဖို့ ပရိသတ်တွေတောင်းဆိုမှုကလည်း တဖြည်းဖြည်း ကျယ်လောင်လာခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ဘရိုက်တန်အသင်းက စတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ၇ မိနစ်မှာ ဒန့်ခ် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၂၆ မိနစ်မှာတော့ မာရေးက ဘရိုက်တန်အသင်းအတွက် ဒုတိယအနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ၄၃ မိနစ်မှာ အော်ဘာမီယန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။